ရင့်ကျက်သည့်အရွယ်ရောက်ပြီဖြစ်သဖြင့် မော်ရင်ဟို၏ ဝေဖန်မှုခံရလျှင်လည်း လက်ခံနိုင်ရမည်ဟု အသင်းဖော်များကို လူကာကူ သတိပေး

ရင့်ကျက်သည့်အရွယ်ရောက်ပြီဖြစ်သဖြင့် မော်ရင်ဟို၏ ဝေဖန်မှုခံရလျှင်လည်း လက်ခံနိုင်ရမည်ဟု အသင်းဖော်များကို လူကာကူ သတိပေး
Photo: Getty Images
Photo: Getty Images
Published 23 November 2018

မန်ယူအသင်း၏ တိုက်စစ်မှူး လူကာကူက မိမိတို့အသင်းသားအားလုံးသည် ရင့်ကျက်သည့် အရွယ်ရောက်နေကြသူများဖြစ်သဖြင့် အသင်းနည်းပြ မော်ရင်ဟို၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ရပါကလည်း ကောင်းမွန်စွာကိုင်တွယ်လက်ခံနိုင်ရန်လိုကြောင်း သတိပေးပြောကြားသွားခဲ့သည်။

မော်ရင်ဟိုသည် ယခုရာသီတွင် အသင်းမှ ကစားသမားအချို့ကို ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ဖူးပြီး ယင်းကစားသမားများထဲတွင် ပေါ့ဘာ၊ မာစီယဲလ်နှင့် ဗလင်စီယာတို့လို အဓိကကစားသမားများလည်း ပါဝင်ခဲ့သည်။ 

လူကာကူကိုယ်တိုင်ပင် စက်တင်ဘာ (၁၅) ရက်နေ့ကတည်းက မန်ယူအသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိသဖြင့် နောက်ပိုင်းပွဲစဉ်များတွင်  အရန်ခုံထိုင်နေရသူဖြစ်ပြီး ၄င်းက "ကျွန်တော် မြင်တာကတော့ မော်ရင်ဟိုနဲ့ အသင်းသား တွေရဲ့ဆက်ဆံရေးက ကောင်းပါတယ်။ အခြား ကစားသမားတွေနဲ့ ဆက်ဆံရေးအခြေအနေတွေကို ကျွန်တော် တကယ်မပြောချင်ပါဘူး။ ရိုးရိုးသားသားပြောတာပါ။ ဒါက ကျွန်တော့်အပေါ်လည်း သက်ရောက်မှုမရှိပါဘူး။ ဒါပေမဲ့ မော်ရင်ဟိုဟာ အသင်းက ကစားသမားတစ်ဦးဦးအပေါ် ဝေဖန်မှုတွေရှိလာရင် အဲ့ဒီကစားသမားဟာ ဒီအခြေအနေကို ကိုင်တွယ်နိုင်ရပါမယ်။ အားလုံးကရင့်ကျက်တဲ့အရွယ် ဖြစ်နေကြပါပြီ"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၅)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူသည် ယခုရာသီတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲတွင် (၄)ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။

Most Read

Most Recent