လာလီဂါပြိုင်ပွဲ အမေရိကန်၌ကျင်းပခွင့်ရရန် သတင်းစာတွင် မျက်နှာပြည့်ကြော်ငြာထည့်၍ ကြိုးပမ်း

လာလီဂါပြိုင်ပွဲ အမေရိကန်၌ကျင်းပခွင့်ရရန် သတင်းစာတွင် မျက်နှာပြည့်ကြော်ငြာထည့်၍ ကြိုးပမ်း
Published 19 November 2018

စပိန်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်(LFP)သည် လာလီဂါပြိုင်ပွဲအား အမေရိကန်နိုင်ငံ၌ သွား ရောက်ကျင်းပခွင့်ရရေး မျှော်လင့်ချက်ကို လက်မလျှော့သေးဘဲ မိုင်ယာမီသတင်းစာတွင် မျက်နှာပြည့် ကြော်ငြာထည့်သွင်း၍ ထပ်မံကြိုး ပမ်းခဲ့ကြောင်း သိရသည်။

LFP သည် ဇန်နဝါရီ ၂၆ ရက် တွင် ကတ်တလန်ကလပ် ဟီရိုနာနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင် ကစားမည့် ဒါဘီပွဲကို မိုင်ယာမီမြို့ရှိ Hard Rock အားကစားကွင်း၌ ကျင်းပခွင့်ရရန် ကြိုးပမ်းလျက်ရှိပြီး နှစ်ဖက်အသင်း၏ သဘောတူညီမှုလည်း ရရှိထားသည်။

သို့သော် စပိန် ဘောလုံးအဖွဲ့ချုပ် (RFEF)၊ စပိန်ပရော်ဖက်ရှင်နယ်ကစားသမားများအဖွဲ့ (AFE) နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) တို့က ယင်းအစီ အစဉ်အား လက်မခံသဖြင့် အွန်လိုင်း မှ သဘောထားစစ်တမ်းကောက်ယူ ရာ ထောက်ခံမဲ ၃၀ç၀၀၀ ရရှိထား သည်။

ထို့ပြင် နိုဝင်ဘာ ၁၅ ရက် ထုတ် Miami Herald သတင်းစာ ၏ ရှေ့မျက်နှာဖုံးတွင် ''ကစားပွဲကို ငါတို့ဆီယူဆောင်လာပေးပါ''ဟု ရေးသားထားသည့် မျက်နှာပြည့် ကြော်ငြာထည့်သွင်းခဲ့ပြီး အခြားစာ မျက်နှာများတွင်လည်း ''အတူလုပ် ကြရအောင်။ မိုင်ယာမီအတွက်၊ ပရိ သတ်တွေအတွက်၊ ကစားပွဲအတွက် အတူလုပ်ကြရအောင်''ဟု ရေးသား ထားကြောင်း သိရသည်။

    

LFP သည် အမေရိကန်အခြေ စိုက် Relevant ကုမ္ပဏီနှင့်ပူးပေါင်း ၍ လာလီဂါမြောက်အမေရိကအဖွဲ့ ဖွဲ့စည်းထားပြီး အမေရိကန် (သို့ မဟုတ်) ကနေဒါနိုင်ငံ၌ တစ်နှစ်လျှင် လာလီဂါပွဲစဉ် အနည်းဆုံးတစ်ပွဲ ကျင်းပရန် ၁၅ နှစ် သဘောတူစာချုပ် ချုပ်ဆိုထားသည်။

သို့သော် ယင်းပွဲကစားခွင့်ရရန် FIFA၊ RFEF တို့ အပြင် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၊ ကွန်ကာကပ်ဖ်ဘောလုံး အဖွဲ့ချုပ်(CONCACAF) နှင့် အမေရိကန်ဘောလုံးအဖွဲ့ချုပ်(USSF) တို့၏ သဘောတူခွင့်ပြုမှုရရှိရန် လိုအပ်နေပြီး ယခုရာသီတွင် ဖြစ်နိုင် ခြေနည်းပါးလျက်ရှိသည်။

Most Read

Most Recent