ပြိုင်ဘက်၏ ပယ်နယ်တီမှတ်တမ်းကို ရေဘူးတွင် ပစ်ဖို့ဒ် ရေးမှတ်ထား

ပြိုင်ဘက်၏ ပယ်နယ်တီမှတ်တမ်းကို ရေဘူးတွင် ပစ်ဖို့ဒ် ရေးမှတ်ထား
Published 19 November 2018

အင်္ဂလန်လက်ရွေးစင်အသင်းဂိုးသမား ပစ်ဖို့ဒ်သည် ပြိုင်ဘက်အသင်း၏ ပယ်နယ်တီကန်သွင်းမှု မှတ်တမ်းကို ရေဘူးတွင် ရေးမှတ်ထားလေ့ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ ရက်က အင်္ဂလန် နှင့် အမေရိကန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ခြေစမ်းပွဲတွင် ပစ်ဖို့ဒ်၏ ရေဘူး၌ ရေးမှတ်ထားသည့်အမှတ်အသားကို မီဒီယာများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် အင်္ဂလန်အသင်းက သုံးဂိုးပြတ်အနိုင်ရပြီး ပြိုင်ဘက်အသင်းအား ပယ်နယ်တီ ကန်ခွင့်မပေးရသော်လည်း ပစ်ဖို့ဒ်က ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အမေရိကန်ကစားသမားများ ပယ် နယ်တီကန်သွင်းလေ့ရှိသည့်နေရာများကို ရေးမှတ်ထားခြင်းဖြစ်သည်။

အသက် ၂၄ နှစ်သာရှိသေးသည့် အဲ ဗာတန်အသင်းကစားသမား ပစ်ဖို့ဒ် သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း၏ ဦးစားပေးဂိုး သမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ကိုလံ ဘီယာအသင်းအား ပယ်နယ်တီဖြင့် အနိုင်ရသည့် ၁၆ သင်းအဆင့်ပွဲ၌ ကားလို့စ်ဘက်ကာ၏ အဆုံးအဖြတ် ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့သည်။

ထို့ပြင် ၎င်းသည် ဆွီဒင်အသင်းနှင့် ကွာတားဖိုင်နယ်ပွဲတွင်လည်း Clean Sheet ရရှိပြီး အကောင်းဆုံးကစား သမားဆုကိုပါ ရယူနိုင်ခဲ့သည်။

ပစ်ဖို့ဒ်သည် ခရိုအေးရှားအသင်းနှင့် နိုဝင်ဘာ ၁၈ ရက်ကကစားခဲ့သည့် Nations League ပွဲစဉ်တွင်လည်း ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent