နောက်တစ်ဆင့်တက်တဲ့အသင်း(၇)သင်း ပေါ်ထွက်လာခဲ့တဲ့

နောက်တစ်ဆင့်တက်တဲ့အသင်း(၇)သင်း ပေါ်ထွက်လာခဲ့တဲ့
Published 9 November 2018

ယူရိုပါလိဂ်အုပ်စုပွဲစဉ်() ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် - စပို့တင်းလစ္စဘွန်း

နောက်တစ်ဆင့်တက်ဖို့ အမှတ်သိပ်မလိုတော့တဲ့ အခြေအနေကြောင့် အာဆင်နယ် နည်းပြ အူနိုင်းအမ်မရီက အရန်ကစားသမားအများစုကို ထုတ်သုံးခဲ့ပါတယ်။ တိုက်စစ်ကို ဝဲလ်ဘက်က ဦးဆောင်ခဲ့သလို၊ ကွင်းလယ်နဲ့ ခံစစ်မှာလည်း အမာခံကစားသမားတွေ မပါဝင်ခဲ့ပါဘူး။ ဒါပေမဲ့ အာဆင်နယ်အသင်းက အိမ်ကွင်းမှာ အဖက်ဖက်က အသာစီးရရှိခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းကို ဘောလုံးကိုင်ခွင့်မပေးဘဲ အဆက်မပြတ်ဖိအားပေးပြီး ပွဲချိန်ပြည့်နီးပါး တိုက်စစ်ဆင်ကစားခဲ့တာကိုလည်း တွေ့ရပါတယ်။ မိနစ်(၃၀)ဝန်းကျင်မှာတော့ ဝဲလ်ဘက် ဒဏ်ရာရသွားတာကြောင့် အူဘာမီယန်း ဝင်ရောက်ကစားခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းက အာဆင်နယ်အ သင်းဘက်ကို ထိုးဖောက်နိုင်မှု နည်းပါးခဲ့ပေမယ့် ခံစစ်ပိုင်းမှာတော့ အမှားအယွင်းနည်းအောင် ကစားသွားနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်း အခွင့်အရေးသိပ်မရခဲ့ပါဘူး။ ဒါကြောင့် အာဆင်နယ်အသင်း အိမ်ကွင်းမှာ နိုင်ပွဲရယူနိုင်ခြင်းမရှိဘဲ တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီတစ်မှတ်က နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့တော့ လုံလောက်သွားခဲ့ပါတယ်။

■ BATE - ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းက ဘီလာရုစ်ကလပ် BATE အသင်းကို တစ်ဂိုးတည်းနဲ့သာ အနိုင်ရခဲ့ပေမယ့် နောက်တစ်ဆင့်ကို စောစောစီးစီးတက်ရောက်နိုင်ခဲ့ပါတယ်။ နည်းပြ ဆာရီက ပွဲထွက်လူစာရင်းကို အပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် ဟာဇက် ဦးဆောင်တဲ့လူအင်အားက တောင့်တင်းခဲ့ပါတယ်။ ဒါပေမဲ့ BATE အသင်းကလည်း အိမ်ကွင်းမှာ အမှားအယွင်းနည်းပြီး ပုံစံကောင်းပြနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်း အခွင့်အရေးသိပ်မရခဲ့ပါဘူး။ နှစ်သင်းအပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပြီး ချယ်လ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန်(၅၂)မိနစ်မှာ ဘယ်ခြမ်းက အီမာဆန်ရဲ့ ပေးပို့မှုကို ဂျရူးက အနီးထောင့်ထဲ ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လာဇီယို - မာဆေးလ်

လာဇီယိုအသင်းကလည်း အိမ်ကွင်းနိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်တက်ရောက်ခွင့်ကို ရယူခဲ့ပါတယ်။ အိမ်ကွင်းဖြစ်ပေမယ့် လာဇီယိုရဲ့ ကစားပုံက အကောင်းကြီးမဟုတ်ခဲ့ဘဲ အမှတ်လိုနေတဲ့ မာဆေးလ်အသင်းရဲ့ ကစားပုံကတောင် ပိုပြီးအားရစရာကောင်းခဲ့ပါတယ်။ ဒါပေမဲ့ လာဇီယိုအသင်းက အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ခဲ့တာကြောင့် အနိုင်ရလဒ် ရရှိခဲ့တာပါ။ မာဆေးလ်အသင်းက ပွဲစတာနဲ့ တိုက်စစ်ကို အားပြုကစားခဲ့ပြီး လာဇီယိုအသင်းကတော့ ထိန်းထိန်းသိမ်းသိမ်းပဲ ကစားခဲ့ပါတယ်။ လာဇီယိုတိုက်စစ်မှူး အီမိုဘီလီက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဖန်တီးမှု()ကြိမ်နဲ့ ခြေစွမ်းပြခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ပါရိုလိုနဲ့ (၅၅)မိနစ်မှာ ကော်ရီယာတို့က သွင်းယူခဲ့ပါ တယ်။ မာဆေးလ်အသင်းအတွက် တိုက်စစ်မှူး သာအူဗင်က မိနစ်(၆၀)မှာ တစ်ဂိုးပြန်သွင်းခဲ့ပေမယ့် ဆေးမမီခဲ့ပါဘူး။









































အိုလံပီယာကော့စ် - ဒူဒယ်လန့်

ယူရိုပါလိဂ်အုပ်စုပွဲစဉ်ရလဒ်များ

ဖီနာဘာချီ - အန်ဒါလက်ချ်
အက်စ်တာနာ - ယာဘလိုနက်
စပါးတပ်မော်စကို - ရိန်းဂျားစ်
ရက်ပစ်ဝီအန် - ဗီလာရီးယဲလ်
ခရက်စ်နိုဒါ - စတန်းဒတ်လိဂ်
အာခီဆာစပေါ် - ဆီဗီလာ
အပိုလွန်လီမာဆိုးလ် - ဖရန့်ဖတ်
ဒိုင်နမိုကိဗ် - ရန်းစ်
မာလ်မို - ဆက်စဘိုး
KRC ဂျန့် - ဘက်ဆစ်တက်
ဗီဒီယိုတန် - PAOK
လေဗာကူဆင် - FC ဇူးရစ်ချ်
လူဒိုဂိုရတ်စ် - AEK လာနာကာ
ရိုစင်ဘော့ - ဆာလ်ဇ်ဘာ့ဂ်
ဆဲလ်တစ် - လိုက်ပ်ဇစ်
ဆလားဗီးယားပရပ်ဂ် - FC ကိုပင်ဟေဂင်
ဘော်ဒိုး - ဇင်းနစ်
ဒိုင်နမိုဇာဂရက် - စပါးတပ်တာနာဗာ
ဗော်ကလာ - ကာရာဘတ်
ဘက်တစ် - အေစီမီလန်
အိုလံပီယာကော့စ်    -    ဒူဒယ်လန့်   

 

Most Read

Most Recent