အာဆီယံ တက္ကသိုလ်အားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကစားသမား ၁၄၀၀ ကျော်ယှဉ်ပြိုင်မည်

အာဆီယံ တက္ကသိုလ်အားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကစားသမား ၁၄၀၀ ကျော်ယှဉ်ပြိုင်မည်
အာဆီယံ တက္ကသိုလ်အားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကစားသမား ၁၄၀၀ ကျော်ယှဉ်ပြိုင်မည်
အာဆီယံ တက္ကသိုလ်အားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကစားသမား ၁၄၀၀ ကျော်ယှဉ်ပြိုင်မည်
Published 2 November 2018

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကစားသမား ၁၄၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှ ၁၁ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်အထိ စာရင်းပေးသွင်းထားမှုအရ အသင်း ၁၁ သင်းမှ ကစားသမား ၁၄၇၃ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲနှင့် ပတ်သက်သည့် အကြိုသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ရှိ Central ဟိုတယ်၌ ကျင်းပသည်။

“ဒီပြိုင်ပွဲမှာ ကစားသမား ၁၄၀၀ ကျော်၊ အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် ၆၀၀ ကျော် စုစုပေါင်းအင်အား ၂၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ မဖြစ်မနေထည့်သွင်းကျင်းပရမယ့် အားကစားနည်းခုနစ်မျိုးနဲ့ ဆုတံဆိပ်ရနိုင်တဲ့ အားကစားနည်းတွေ ကျင်းပမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် ရွှေတံဆိပ်အနေနဲ့ တစ်ခုပဲ ရခဲ့ဖူးတာကြောင့် အခုပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ ကြိုးစားဆောင်ရွက်ထားပါတယ်။ အားကစား အဖွဲ့ချုပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် ရယူနိုင်အောင် ကြိုး စားမှာပါ” ဟု ပြိုင်ပွဲကျင်းပရေးအဖွဲ့ဝင် ဦးလှတင့်က ပြောကြားသည်။ အာဆီယံတက္ကသိုလ်ပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ၁၇ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲအတွက် လှုံ့ဆော်ရေးအစီအစဉ်များ၊ အထိမ်းအမှတ် သီချင်းနှင့် အခြားဆောင်ရွက်နေသည့် ကိစ္စရပ်များအား ရှင်းလင်းခဲ့ပြီး ဖွင့်ပွဲ၊ ပိတ်ပွဲ နှင့် ဘောလုံးပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

အာဆီယံတက္ကသိုလ်ပြိုင်ပွဲကို မြန်မာ နိုင်ငံ၌ အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့်ရခြင်းဖြစ်ပြီး မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ စစ်တုရင်၊ ဘောလုံး၊ ဂေါ့ဖ်၊ ပီတန်း၊ လှေလှော်၊ ရေကူး၊ ဝူရှူး၊ တင်းနစ်၊ ကရာတေး၊ ဗိုဗီနမ်၊ ပိုက်ကျော်ခြင်း/ခြင်းလုံး၊ စားပွဲတင်တင်းနစ်နှင့် ဘော်လီဘောပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။ ဖွင့်ပွဲ နှင့် ပိတ်ပွဲအခမ်းအနားကို MICC-2 ၌ ကျင်းပမည်ဖြစ်ပြီး အားကစားနည်းအများစုကို ဝဏ္ဏ သိဒ္ဓိ Sports Complex ၌ ကျင်းပမည်ဖြစ်သည်။

ထို့ပြင် လှေလှော်ပြိုင်ပွဲကို ငလိုက်ဆည် နှင့် ဂေါ့ဖ်ပြိုင်ပွဲကို မြို့တော်ဂေါ့ဖ်ကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာတက္ကသိုလ်အားကစား အဖွဲ့သည် အိမ်ရှင်နိုင်ငံဖြစ်သောကြောင့် ပြိုင်ပွဲအမျိုးအစားအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွှေတံဆိပ် ၃၀ မှ ၅၀ ကြား ရယူနိုင်ရန် ပစ်မှတ်ထားလျက်ရှိသည်။ ဖွင့်ပွဲကို ဒီဇင်ဘာ ၁၀ ရက်နှင့် ပိတ်ပွဲကို ဒီဇင်ဘာ ၁၉ ရက်၌ ကျင်းပမည်ဖြစ်သည်။

 

Most Read

Most Recent