ပေါ်တိုအသင်းတွင် သံတမန်အဖြစ် ဆောင်ရွက်နေသည့် ပေါ်တူဂီဂိုးသမားဟောင်း ဗစ်တာဘိုင်ယာက စီရော်နယ်လ်ဒိုအား သက်တမ်းတိုးရန် ကြိုးစားခြင်းမရှိသည့် ရီးယဲလ်မက်ဒရစ်အသင်းကို နားမလည်နိုင်ကြောင်း ပြောဆို ခဲ့သည်။
" စီရော်နယ်လ်ဒိုလို ကစားသမားမျိုးက ရီးယဲလ်မက်ဒရစ်မှာ ဒီလိုဖြစ်နေတဲ့အနေအထားကို ကျွန်တော် နားမလည်နိုင်အောင်ပါပဲ။ သူ့လို ကမ္ဘာ့အကောင်းဆုံးကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့မကြိုးစားတဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ လုပ်ရပ်ဟာ နားလည်ရအလွန်ခက်ပါတယ်" ဟု ပြောဆိုခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် စီရော်နယ်လ်ဒိုကို သက်တမ်းတိုးမည်မဟုတ်ဟု ဆိုထားကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။