ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လိမ့်မည်ဖြစ်ပြီး အလုပ်အကိုင် ထောင်ပေါင်းများစွာကို ဖန်တီးပေးလိမ့်မည်ဟု ဝာာဝန်ရှိသူများက မျှော်လင့်ထားသော တရုတ်နှင့် ဖက်စပ်လုပ်ကိုင်မည့် ကြန့်ကြာနေသော စက်မှုဇုန် တည်ဆောက်ရေးလုပ်ငန်းများကို ဘင်္ဂလားဒေ့ရှ်က စစ်တကောင်းဆိပ်ကမ်းမြို့အနီး၌ ဇူလိုင် ၂၇ ရက်တွင် စတင်ခဲ့သည်။
နှစ်နိုင်ငံ တာဝန်ရှိသူများသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကတည်းက ပထမဆုံး သဘောတူညီခဲ့ကြသည့် ဧက ၈၀၀ (၃၂၄ဟက် တာ) ကျယ်သော တရုတ်စီးပွားရေးဇုန်နှင့် စက်မှုဇုန် (CEIZ) ကို ဖွင့်လှစ်ခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်က နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို မြှင့်တင်ရန်နှင့် စက်မှုထုတ်လုပ်မှုများကို တိုးချဲ့ရန်ကြိုးပမ်းနေချိန် တရုတ်ကလည်းဧရာမအခြေခံအဆောက်အအုံ စီမံကိန်းကြီးများမှတစ်ဆင့် တောင်အာရှ၌ စီးပွားရေးခြေလှမ်းကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်နေချိန်၌ ယခုစက်မှုဇုန်ကို စတင်လိုက်ခြင်းဖြစ်သည်။
ယင်းစက်မှုဇုန်သည် ၂၀၃၄ ခုနှစ်တွင် ဒေါ်လာတစ်ထရီလျံရှိ စီးပွားရေးအင် အားကြီးနိုင်ငံ ဖြစ်လာစေရန် ဘင်္လားဒေ့ရှ်၏ရည်မှန်းချက်ကို အထောက်အကူပြုမည်ဟု ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး အာမီယာခါဆရူးမာမွတ်ချောင်ဒူရီက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်တို့သည် ၂၀၁၄ ခုနှစ်တွင် ယင်းစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ကြသော်လည်း အကောင်အထည်ဖော်မည့် ကုမ္ပဏီ ရွေးချယ်ခြင်း၊ ငွေကြေးရှာဖွေခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ ခွင့်ပြုချက်များ ရယူခြင်းတို့ဆောင်ရွက်ရာတွင်ကြန့်ကြာမှုများကြောင့် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့သည်။
ဝန်ကြီးချုပ် တာရစ်ရာမန်၏ ဇွန်လ တရုတ်နိုင်ငံ ခရီးစဉ်အပြီးတွင် ယခု စီမံကိန်း ပြန်လည်အရှိန်ရလာခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်က အိန္ဒိယသို့ ခွင့်ပြုပေးခဲ့သည့် ဧက ၁၁၀ ကျယ်ဝန်းသောမွန်ဂလာဆိပ်ကမ်း စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်က ပယ်ဖျက်ကာ တရုတ်သို့ လွှဲပြောင်းပေးရန် ပြီးခဲ့သည့်လတွင် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ စက်မှုဇုန်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
စီမံကိန်းသည် အလားအလာရှိသော ရင်းနှီးမြှပ်နှံမှု ဒေါ်လာသန်း ၅၀၀ ခန့်ကို ဆွဲဆောင်ထားပြီး အလုပ်အကိုင် ၁၀၀,၀၀၀ ဝန်းကျင်ကို ဖန်တီးပေးထားသည်ဟု ဆိုသည်။
Ref:AFP
AFP photos













