■နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးက ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်

■နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးက ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်
Published 23 July 2026

■နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးက ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်

■ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကဏ္ဍများတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်​ရေးအခြေအ​နေများ ​ဆွေး​နွေး

 

 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc သည် ဇူလိုင် ၂၂ ရက် ၊ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့​ကြောင်း သိရသည်၊

အဆိုပါ သံအမတ်ခန့်အပ်လွှာ​ပေးအပ်ပွဲတွင်  ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးသည် နိုင်ငံတော် သမ္မတ၏ ဧည့်ဆောင်တော်၊ ဂုဏ်ပြုဆောင်ခန်းမသို့ ရောက်ရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အလံတို့အား အလေးပြုပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို တီးမှုတ်ခဲ့​ကြောင်းသိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာ နိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Ngu Anh Duc က ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့​ကြောင်း သိရသည်။

ယင်း​နောက် နိုင်ငံ​တော်သမ္မတနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာ နိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့မှုနှင့် ပြည်သူများ၏ဆန္ဒနှင့်အညီ ထွက်ပေါ်လာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့က နိုင်ငံတော်တာဝန် ထမ်းဆောင်နေမှုအပေါ် ဗီယက်နမ်နိုင်ငံအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူလျက်ရှိမှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ယခုထက်ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေ၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကဏ္ဍများတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ၊ ဗီယက်နမ်နိုင်ငံတွင် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(CLMV) ထိပ်သီး အစည်းအဝေးနှင့် ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(ACMECS) ထိပ်သီးအစည်းအဝေး တို့ကို ကျင်းပပြုလုပ်သွားမည့် အခြေအနေနှင့် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်သွား မည့်အခြေအနေ၊ နှစ်နိုင်ငံအကြား ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများမှ တစ်ဆင့် ခရီးသွားကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား နိုင်ငံ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ အပြန်အလှန်သွားရောက်ခဲ့မှုအခြေအနေ၊ နိုင်ငံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖြစ် နှစ်နိုင်ငံလွှတ်တော်များအချင်းချင်း ပူးပေါင်းဆောင် ရွက်မှုများ မြှင့်တင်နိုင်သည့် အခြေအနေနှင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍  ဆွေးနွေးခဲ့​ကြောင်းသိရသည်။

ယင်းသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်ဇနီးနှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့​ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ ဧည့်ခန်းမဆောင်တော် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent