ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ဝါဆို ဝါကပ်တော်မူကြသော ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများနှင့် ကျောင်းထိုင်ဆရာတော်ကြီးများ၏ မျက်နှာစုံညီအစည်းအဝေးကို အမှတ်(၄) ရပ်ကွက်၊ ရွှေမြင်းဝန်စေတီတော် ပရဝုဏ် အတွင်းရှိ သာသနဟိတကာရီ ဗိမာန်တော်၌ ဇူလိုင် ၂၂ ရက် မွန်းလွဲ၁နာရီ က ကျင်းပ ခဲ့ကြောင်းသ်ိရသည်။
အခမ်းအနားသို့ နိုင်ငံတော်ဗဟိုရ်ဝန်ဆောင် မြဝတီမြို့(၂၇၅)မြသုခ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာအရှင်ပညာနန္ဒအမှူးပြုသော ပြည်နယ်၊မြို့နယ်သံဃာ့မဟာနာယကဆရာတော်များ မြဝတီမြို့နယ်အတွင်းကျောင်းတိုက်အသီးသီးမှ ဆရာတော် သံဃာတော်များ၊သီလရှင်ဆရာကြီး ဆရာလေးများနှင့်ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းနာယကဖြစ်သူ ဦးစောမုတ်သုန် တက်ရောက်ခဲ့သည်။
ရှေ့ ဦးစွာ နိုင်ငံတော်ဗဟိုရ်ဝန်ဆောင် မြဝတီမြို့ (၂၇၅)မြသုခတပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တဒေါက်တာအရှင်ပညာနန္ဒကဩဝါဒအဖွင့်စကား မိန့်ကြားတော်မူပြီး ပြည်နယ်သံဃနာယကအဖွဲ့ဝင် တောင်တန်းကျောင်းတိုက်ဆရာတော်.ဘဒ္ဒန္တဇောတိက၊မြဝတီမြို့သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအရှင်အာသီသ၊အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဓမ္မဒဿီ၊ရွှေကျင်အကျိုးတော်ဆောင်ဆရာတော်နှင့် ဆရာတော်ဘဒ္ဒန္တအဂ္ဂဝံသအရှင်သူမြတ်များက သာသနာရေးဆိုင်ရာ ရှောင်ရန်/ဆောင်ရန်ကိစ္စရပ်များကို မိန့်ကြားခဲ့ကြသည်။
မြဝတီခရိုင် အတွင်း ဘုန်းတော်ကြီး ကျောင်း များပြားသော်လည်း သံဃာအရေအတွက်နည်းပါးနေသေးကြောင်း၊ကျောင်းသစ် တည်ထောင်ခြင်းကို ခွင့်မပြုတော့ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများကို အကြောင်းပြု၍ အလှူခံခွင့်ကိုလည်းခွင့်ပြုထားခြင်းမရှိကြောင်းလည်း ဆရာတော်ကြီးများ၏သြဝါဒ မိန့်မှာချက်များအရသိရသည်။
ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ နှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းနာယက ဦးစောမုတ်သုန်က မြဝတီခရိုင်/မြို့နယ်အတွင်း ဝါဆိုကျောင်းပေါင်း ၃၀၀ ကျော် တို့မှကြွရောက် လာကြသည့် သံဃာတော်နှင့်/သီလရှင်များအား စုစုပေါင်း အလှူတော်ငွေ ၃၅ ၅၃၀ ၀၀၀ ကျပ် ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
သာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌ ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းနာယက ဦးစောမုတ်သုန် နှင့်ခရိုင် သာသနာရေးမှူး ဦးမောင်ဝင်းတို့ကသာသနာရေးဆိုင်ရာများ ကိစ္စရပ်များကိုအသီးသီးလျှောက်တင်ခဲ့ကြသည်။
နိုင်ငံတော်ဗဟိုရ်ဝန်ဆောင် မြဝတီမြို့ (၂၇၅)မြသုခတပ်ဦးကျောင်းဆရာတော် ရေစက်ချတရားတော်ဟောကြားချီးမြှင့်၊ လှူဒါန်းမှု အစုစုတို့အတွက် အမျှ ပေးဝေ ပြီးနောက်"ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" ၃ ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုညနေ ၄ နာရီတွင်အောင်မြင်စွာရုတ်သိမ်းခဲသည်။















