Ballon d'Or ဆုကို မက်ဆီ (၉)ကြိမ်မြောက်ရရှိဖို့ ရေပန်းစားလာ

Ballon d'Or ဆုကို မက်ဆီ (၉)ကြိမ်မြောက်ရရှိဖို့ ရေပန်းစားလာ
Photo: X
Photo: X
Published 17 July 2026

အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ Ballon d'Or ဆုကို (၉)ကြိမ်မြောက်ရရှိဖို့ ရေပန်းစားလာကြောင်း သိရပါတယ်။

မက်ဆီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနေပြီး အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်ဆက်ရရှိဖို့ နီးစပ်လာတာကြောင့် အခုလို ရေပန်းစားလာခြင်းဖြစ်ကြောင်း သိရပါတယ်။

၂၀၂၆ Ballon d'Or ဆုအတွက် အကဲဖြတ်ရွေးချယ်ဖို့ သတ်မှတ်ထားတဲ့ကာလက ၂၀၂၅ သြဂုတ်(၁)ကနေ ၂၀၂၆ ဇူလိုင်(၃၁)ရက်အထိ ဖြစ်တာကြောင့် ၂၀၂၅-၂၆ ဘောလုံးရာသီက စွမ်းဆောင်ရည်ရော ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက စွမ်းဆောင်ရည်ကိုပါ ထည့်သွင်းတွက်ချက်မှာပါ။

မက်ဆီက အာဂျင်တီးနားအသင်း ဗိုလ်လုပွဲရောက်ရှိဖို့ အဓိကစွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး သွင်းဂိုး(၈)ဂိုး၊ ဖန်တီးမှု(၄)ကြိမ် ပြုလုပ်ပေးထားပါတယ်။

ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆု ရရှိဖို့လည်း ရေပန်းစားနေပြီး အခု Ballon d'Or ရရှိဖို့ပါ ရေပန်းအစားဆုံးဖြစ်လာတာပါ။

မက်ဆီက Ballon d'Or ဆု အများဆုံးရရှိထားတဲ့ကစားသမားအဖြစ် (၈)ကြိမ်နဲ့ ဦးဆောင်နေသူဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ နောက်ဆုံးအကြိမ်ရရှိခဲ့တုန်းကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ခဲ့တာဖြစ်ပါတယ်။

၂၀၂၆ Ballon d'Or ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ(၂၆)ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး လက်ရှိအချိန်မှာ မက်ဆီက (၆း၄)လေး၊ ဟာရီကိန်းက (၅း၂)လေး၊ အမ်ဘာပေက (၄း၁)လေး၊ ယမားလ်က (၁၄း၁)လေး၊ ရိုဒရီက (၁၂း၁)လေး သတ်မှတ်ခံထားရကြောင်း သိရပါတယ်။

Most Read

Most Recent