တူရကီကလပ် ဖီနာဘာချီအသင်းဟာ မာဆေးလ်အသင်းက မန်ယူကစားသမားဟောင်း ဂရင်းဝုဒ်ကို ယူရို(၃၉)သန်းနဲ့ ခေါ်ယူပြီး ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
အင်္ဂလန်တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ မန်ယူအကယ်ဒမီက ထွက်ပေါ်လာသူဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် မန်ယူအသင်းက မာဆေးလ်အသင်းဆီ ရောင်းထုတ်ခဲ့တာပါ။
မာဆေးလ်အသင်းက ဂရင်းဝုဒ်ကို ယူရို(၃၁.၆)သန်းနဲ့ ခေါ်ယူပြီး (၅)နှစ်စာချုပ်ချုပ်ဆိုထားပေမဲ့ ဖီနာဘာချီအသင်းထံ ပြန်လည်ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။
ဖီနာဘာချီအသင်းရဲ့ဥက္ကဋ္ဌသစ် ယီလ်ဒီရင်မ်က ရွေးကောက်ပွဲမှာ ဂရင်းဝုဒ်ကို ခေါ်ယူပေးမယ်လို့ ကတိပြုခဲ့တဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
''ဟယ်လို ဖီနာဘာချီမိသားစု။ ကျွန်တော့်ကို အားပေးကြောင်း ပြသခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် ဒီကို ရောက်လာတဲ့အတွက် အရမ်းပျော်ရွှင်ပါတယ်'' လို့ ဂရင်းဝုဒ်က ပြောကြားခဲ့ပါတယ်။















