‘ခ’၊ ‘ဂ’၊ ‘ဃ’၊ ‘င’ ယာဉ်မောင်းလိုင်စင်များ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ကြိုတင်သက်တမ်းတိုးခြင်းကို Online စနစ်ဖြင့် ဇူလိုင် ၁၇ ရက်မှစ၍ ဆောင်ရွက်ပေးမည်

‘ခ’၊ ‘ဂ’၊ ‘ဃ’၊ ‘င’ ယာဉ်မောင်းလိုင်စင်များ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ကြိုတင်သက်တမ်းတိုးခြင်းကို Online စနစ်ဖြင့် ဇူလိုင် ၁၇ ရက်မှစ၍ ဆောင်ရွက်ပေးမည်
Published 14 July 2026

‘ခ’၊ ‘ဂ’၊ ‘ဃ’၊ ‘င’ ယာဉ်မောင်းလိုင်စင်များ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ကြိုတင်သက်တမ်းတိုးခြင်းကို Online စနစ်ဖြင့် ဇူလိုင် ၁၇ ရက်မှစ၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ နေပြည်တော်ရုံး၊ ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း)၊ ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)၊ ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)နှင့် ခရိုင်ရုံး (ရန်ကုန် မြောက်ပိုင်း)၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)နှင့် ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)ရုံးများတွင် ယာဉ်မောင်း လိုင်စင်ဝန်ဆောင်မှုလုပ်ငန်းများ၏ ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းနှင့် Online စနစ်ဖြင့် “ခ၊ “ဂ၊ “ဃ၊ “င ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းအား Online စနစ်ဖြင့် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ကြိုတင်သက်တမ်းတိုးခြင်းအား ဇူလိုင် ၁၇ ရက် (သောကြာနေ့)မှစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကို Online မှ ဝန်ဆောင်မှုရယူလိုသူများသည် မိမိတို့ Mobile Phone/Tablet : MM Driver License E-Payment Mobile Application အား Google Play Store မှတစ်ဆင့် download ရယူသုံးစွဲနိုင်ပါကြောင်း၊ အဆိုပါစနစ်နှင့်ပတ်သက်၍ အသုံးပြုရန် အသေးစိတ်အချက်အလက်များအား www.mot.gov.mmwww.rtad.gov.mm နှင့် www.myanmarrtad.com Websiteများတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 မရှင်းလင်းသည်များရှိပါက ရုံးချုပ်(နေပြည်တော်) ၀၆၇-၃၄၀၅၀၉၉၊ နေပြည်တော်ရုံး ၀၆၇-၄၅၁၀၀၆၂၊ ၀၆၇-၄၅၁၀၀၆၄၊ တိုင်းဒေသကြီးရုံး(ရန်ကုန်) ၀၉-၉၅၄၉၂၁၀၀၀၊ တိုင်းဒေသကြီးရုံး(မန္တလေး) ၀၉-၄၃၀၉၆၉၈၀ စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Most Read

Most Recent