ဖခင်ဖြစ်သူအတွက် လက်စားချေသွားမည်ဟု မိုဂျ်တာဘာ ခါမေနီ ပြောကြား

ဖခင်ဖြစ်သူအတွက် လက်စားချေသွားမည်ဟု မိုဂျ်တာဘာ ခါမေနီ ပြောကြား
Published 12 July 2026

အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်သစ် အယာတိုလာ မိုဂျ်တာဘာ ခါမေနီက ၎င်း၏အစ်ကိုနှင့် ဖခင်ဖြစ်သူတို့အတွက် လက်စားချေသွားမည်ဟု ခြိမ်းခြောက်ထားသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

သို့သော် လက်စားချေမည့်ကိစ္စသည် အီရန်နိုင်ငံအပေါ်တွင်သာမက ကမ္ဘာတစ်ဝန်းရှိ လွပ်လပ်မှုကို မြတ်နိုးသူများအပေါ်တွင်လည်း မူတည်နေသည်ဟု မိုဂျ်တာဘာက ရေးသားခဲ့သည်။

၎င်း၏ဖခင်ဖြစ်သူ အယာတိုလာ အလီ ခါမေနီ၏ ဈာပနအခမ်းအနားများကို လွန်ခဲ့သည့် သီတင်းပတ်က စတင်ကျင်းပခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာသည့် မိုဂျ်တာဘာ၏ ပထမဆုံးသော လူထုမိန့်ခွန်းထုတ်ပြန်ချက်ကို နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ဖတ်ကြားခဲ့ခြင်းဖြစ်ပြီး လက်စားချေတုံ့ပြန်ရေးသည် တစ်နိုင်ငံလုံး၏ တောင်းဆိုချက်ဖြစ်ပြီး သေချာပေါက်ဖြစ်လာရမည်ဟု ဖော်ပြထားသည်။

အယာတိုလာ အလီ ခါမေနီသည် စစ်ပွဲစတင်သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်နှင့်အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

"စစ်ပွဲအတွင်း ရာဇဝတ်သမားတွေကြောင့် ကျဆုံးသွားခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးနဲ့ အာဇာနည်အားလုံးရဲ့ သွေးကြွေးအတွက် လက်စားချေသွားမယ်လို့ ကျွန်တော်တို့ ကတိသစ္စာပြုပါတယ်။ ကျွန်တော်တို့ ရှိနေသည်ဖြစ်စေ၊ မရှိနေသည်ဖြစ်စေ ဒါကို မုချအောင်မြင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မကြာခင်မှာ ကမ္ဘာတစ်ဝန်းက လွတ်လပ်တဲ့သူတိုင်းဟာ ဒီမြင့်မြတ်တဲ့မစ်ရှင်ရဲ့ အစိတ်အပိုင်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ကြပါလိမ့်မယ်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Ref: Reuters

Most Read

Most Recent