ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာအနီးရှိ တရားမဝင် ကုန်သိုလှောင်ရုံအား တပ်မတော်က ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
KNU/PDF ထိန်းချုပ်နယ်မြေအတွင်းရှိ အဆိုပါ တရားမဝင်ကုန်သိုလှောင်ရုံကို တပ်မတော် က (၂၀၂၆) ခုနှစ် ဇွန်လ (၂၂) ရက်နေ့၌ ထောက်လှမ်းတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နှင့် ပြီးခဲ့သည့် ဇူလိုင်လ (၄) ရက်နေ့မှစတင်ကာ ထိုဒေသအား တပ်မတော်က စစ်ကြောင်းထိုးရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဇူလိုင်လ (၆) ရက်နေ့တွင် တပ်မတော်က အဆိုပါ တရားမဝင်ကုန်သိုလှောင်ရုံအား အပြည့်အဝထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့် ထိုစစ်ဆင်ရေးအတွင်း တပ်မတော်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားချက်အရ သိရသည်။
KNU/PDFအဖွဲ့များအား ဆက်ကြေးပေး၍ တရားမဝင် ကုန်များသယ်ဆောင်မှု၌ ပါဝင်ကြသူများ၊ ကုန်သိုလှောင်သူများနှင့် နောက်ကွယ်၌ ပါဝင်ပတ်သက်သူများကို တပ်မတော်က ဖေါ်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဘိုဘိုမြင့်















