မြိတ်ခရိုင်တွင် ပင်လယ်ရေငန်ဝင်ရောက်နေသည့် လယ်မြေဧက ၄၃၀၀ ကျော်ရှိနေသည့်အတွက် ဆားငန်ဒဏ်ခံစပါးမျိုးများ စိုက်ပျိုးမည်။
မြိတ်ခရိုင်တွင်ပင်လယ်ရေငန်ဝင်ရောက်နေတဲ့လယ် မြေဧက ၄၃၀၀ ကျော်ရှိနေသည့်အတွက် ဆားငန်ဒဏ်ခံစပါးမျိုးများစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
ဆန်စပါးဖူလုံမှုမရှိသည့်အတွက်တခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှဆန်တင်သွင်းနေရသည့်တနသ်ာရီတိုင်းဒေသကြီးမှာကမ်းရိုးတန်းဒေသဖြစ်သည့်အ လျောက်လယ်ယာမြေများတွင်ပင်လယ်ရေငန်ဝင် ရောက်မှုများရှိနေကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်များကြောင့်တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့နယ်၊စန္ဒဝတ်ကျေးရွာအုပ်စု၊ကျွဲကူးကျေးရွာ၊နည်းပညာပြန့်ပွားရေးစင်တာ(KC) တွင်ပင်လယ်ရေငန်ဝင်ရောက်နိုင်သည့်ဧရိယာများ၌ ဆားငန်ဒဏ်ခံစပါးမျိုးများ စိုက်ပျိုးခြင်းနည်းပညာပေးဆွေးနွေးပွဲကိုဇူလိုင် ၈ ရက်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
"မြိတ်ခရိုင်မှာကျေးလက်လူဦးရေ ၇၀ ရာခိုင်နှုန်းရှိပါတယ်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်မှန်သမျှဟာ ကျေးလက်နေပြည်သူတို့ရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက်ဆောင်ရွက်နေသောလုပ်ငန်းများသာဖြစ်ပါတယ်၊တိုင်းအစိုးရအနေဖြင့်ဆားငန်ဒဏ်ခံစပါးမျိုးများကိုစမ်းသပ်ထုတ်လုပ်နေတဲ့စိုက်ပျိုးရေးသုတေသနဉီးစီးဌာနမှသုတေသနပညာရှင်ဒေါက်တာဖြုပြာလွင်ကိုဖိတ်ခေါ်ပြီးပင်လယ်ရေငန်ဝင်ရောက်နေတဲ့ဧရိယာတွေမှာအထွက်နှုန်းတိုးတက်ရရှိအောင်မျှော် လင့်ပြီးဆွေးနွေးပွဲဆောင်ရွက်တာပါ"လို့တနသ်ာရီတိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီး၊ ဦးအောင်ကျော်ကျော်ဦးကပြောကြားခဲ့သည်။
မြိတ်ခရိုင်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်မိုးစပါး ၁၁၇၀၆၄ ဧကစိုက်ပျိုးမည်ဖြစ်ပြီးရေငန်ဝင်ရောက်နိုင်တဲ့ ဧရိယာတွေ မှာဆားငန်ဒဏ်ခံနိုင်တဲ့ရေမြေအခြေအနေ၊ဒေသအလိုက်ကိုက်ညီသင့်တော်ပြီးစမ်းသပ်သုတေသနပြုထုတ်လုပ်ထားတဲ့ဆားငန်ခံစပါးမျိုးသစ်များဖြစ်တဲ့ ဧရာမောင်၊ရွှေပြည်မင်း၊ရွှေပြည်ဝင်းမျိုးစပါးများကို တောင်သူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇော်မိုးဦး ( မြိတ် )















