■ အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏အလောင်းကို မင်္ဂလာဒုံမြို့နယ် ပုလဲအိမ်ရာဝန်းအတွင်း လာရောက်စွန့်ပစ်ထား

■ အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏အလောင်းကို မင်္ဂလာဒုံမြို့နယ် ပုလဲအိမ်ရာဝန်းအတွင်း လာရောက်စွန့်ပစ်ထား
Published 7 July 2026

 အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏အလောင်းကို မင်္ဂလာဒုံမြို့နယ် ပုလဲအိမ်ရာဝန်းအတွင်း လာရောက်စွန့်ပစ်ထားကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင် ၆ ရက် နံနက် ၈ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲ (၁) အပိုင်၊ ပုလဲအိမ်ယာဝန်းအတွင်းတွင် အမျိုးသမီးတစ်ဦး၏အလောင်းကို တွေ့ရှိသဖြင့် သွားရောက်သယ်ဆောင်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးမှာ အသက် ၃၀ အရွယ်ခန့်ရှိပြီး လည်ပင်းကို ကြိုးဖြင့် ညှစ်ထားသည့်ပုံစံဖြင့် လာရောက်စွန့်ပစ်ထားကြောင်း၊ အမျိုးသမီး၏ လက်နှင့် ကျောကုန်းတွင် တက်တူးများထိုးထားကြောင်း သိရသည်။

" သိရှိပါကကူညီပေးပါခင်ဗျာ" ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုပါ အမျိုးသမီးကို သိရှိသူများ လာရောက်ဆက်သွယ်ပေးကြရန် ပုလဲအရန်မီးသတ်တပ်ဖွဲ့က ကြေညာထားပြီး အမျိုးသမီး၏အလောင်းအား သက်ဆိုင်ရာရဲတပ်ဖွဲ့ ဆေးစာနှင့်အတူ မေဓာဝီဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

Most Read

Most Recent