ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ နီးပါးအထိ ရှိလာ

ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ နီးပါးအထိ ရှိလာ
Published 5 July 2026

ဗင်နီဇွဲလားနိုင်ငံ၌ လှုပ်ခတ်ခဲ့သောအင် အားပြင်းငလျင်များကြောင့် သေဆုံးသူအရေအတွက်သည် ၃၀၀၀ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း ဇူလိုင် ၄ ရက်တွင် ထွက်ပေါ်လာသည့် နောက်ဆုံးရ တရားဝင်အချက်အလက် များတွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များသည် အပျက်အစီးများကြား အသက်ရှင်ကျန် ရစ်သူများကို ရှာဖွေသည့် လုပ်ငန်းစဉ်များကိုလည်း စတင်အဆုံးသတ်နေပြီဖြစ်သည်။

ဇွန် ၂၄ ရက်က ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင် နှစ်ခုကြောင့် လူပေါင်းထောငချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရကာ သေဆုံးသူအရေအတွက် ၂၉၅၄ ဦးအထိ ရှိလာခဲ့သည်။

ထို့ပြင် လူပေါင်းသောင်းနှင့်ချီ၍ ပျောက်ဆုံးနေဆဲဖြစ်သည်။ ဗင်နီဇွဲလားအစိုးရကမူ ပျောက်ဆုံးသူအရေ အတွက်နှင့်ပတ်သက်ပြီး ခန့်မှန်းချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ပြင်းအား ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ အဆင့်ရှိ ငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်သွားပြီး နောက်ပိုင်း လူပေါင်း ၅၀၀၀၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ဗင်နီဇွဲလားနိုင်ငံသားအများစုကမူ ငလျင်နှင့်ပတ်သက်ပြီး အစိုးရအဖွဲ့၏ တုံ့ပြန်ဆောင်ရွက်ပုံသည် နှေး ကွေးကြောင်း ဒေါသတကြီးဝေဖန်နေကြသည်။

ဗင်နီဇွဲလားယာယီသမ္မတဒယ်လ်စီ ရိုဒရီဂွက်ဇ်ကမူ ထောင်နှင့်ချီသည့် စစ်သားများ နှင့်အရာရှိများကိုဖြန့်ကြက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အစိုးရအဖွဲ့၏ တုံ့ပြန်ဆောင်ရွက်မှုကို ကာကွယ်ပြောဆိုခဲ့သည်။    

Ref:AFP

Most Read

Most Recent