လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လွန်ပရာဘန်မြို့ရှိ ဝပ်စီယမ်သုန် ဘုရားသို့ သွားရောက်ဖူးမျှော်ကြည်ညို

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လွန်ပရာဘန်မြို့ရှိ ဝပ်စီယမ်သုန် ဘုရားသို့ သွားရောက်ဖူးမျှော်ကြည်ညို
Published 5 July 2026

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် လွန်ပရာဘန်မြို့ရှိ ဝပ်စီယမ်သုန် ဘုရားသို့ သွားရောက်ဖူးမျှော်ကြည်ညိုကြသည်။

လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့(ဇူလိုင် ၅ ရက်)နေ့လယ်ပိုင်းက လွန်ပရာဘန်မြို့ရှိ လွန်ပရာဘန်မြို့ရှိ ဝပ်စီယမ်သုန် ဘုရားသို့ သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြခြင်း ဖြစ်သည်။

၁၆ ရာစုနှစ်အတွင်း ဘုရင် Saya Setthathirath လက်ထက် ဝပ်စီယမ်သုန် ဘုရားကျောင်း အား တည်ဆောက်ခဲ့ပြီး ၁၅၆၀ ပြည့်နှစ် တွင် ပြီးဆုံးခဲ့ပါသည်။

ဝပ်စီယမ်သုန် ဘုရားကျောင်းသည် လာအိုနိုင်ငံ၏ ရိုးရာအနုပညာ လက်ရာများနှင့် ဗုဒ္ဓဗိသုကာလက်များ အနက် စိတ်ဝင်စားစရာ ကောင်းလှသည့် ဘုရားကျောင်းတစ်ခုလည်းဖြစ်ပြီး မှန်စီရွှေချ ဘဝသစ်ပင် ပန်းချီကားနှင့် သိမ်တော်အဆောက်အအုံ၏ ခေါင်မိုးဗိသုကာ လက်ရာများမှာ ထင်ရှားပါသည်။

လွန်ပရာဘန်ပြည်နယ်သို့ ရောက်ရှိခဲ့လျှင် ဝပ်စီယမ်သုန် ဘုရားကျောင်းသို့ သွားရောက် ဖူးမြှော်ပါက ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ အောင်မြင်မှုများ ရရှိသည်ဟု ယုံကြည်သက်ဝင် ကြသည်။

ရွှေဖြင့် အနုစိတ်စီကာထားသော မျက်နှာစာ၊ မှန်စီရွှေချ ရောင်စုံပန်းချီကားများကြောင့် အာရှတိုက်တွင် အလှပဆုံးဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအဖြစ် ကမ္ဘာလှည့်ခရီးသွားအများ အပြား လာရောက် လည်ပတ်လေ့ရှိသည်။

Most Read

Most Recent