■ တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်၏သားဖြစ်သူဇာနည်သွေးအား အဓမ္မပြုကျင့်မှု အပါအဝင် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်

■ တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်၏သားဖြစ်သူဇာနည်သွေးအား အဓမ္မပြုကျင့်မှု အပါအဝင် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်
Published 1 July 2026

တောင်ကြီး ခရိုင် တရားရုံးမှ ဇွန်လ၂၉ ရက် တွင်  အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်၏သားဖြစ်သူ  ဇာနည်သွေးအား အဓမ္မပြုကျင့်မှုအပါအဝင် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၂၅ နှစ်   အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။



ရာဇသတ်ကြီး ပုဒ် ၃၇၆ (၁) အရ အလုပ် နှင့် ထောင်ဒဏ်  နှစ် ၂၀   ၊ ရာဇသတ်ကြီး ပုဒ်မ ၃၅၄ အရ အလုပ် နှင့် ထောင်ဒဏ်  ၂ နှစ် ၊ ရာဇသတ်ကြီး ပုဒ်မ  ၃၈၄ အရ အလုပ် နှင့် ထောင်ဒဏ်  ၃ နှစ်ဖြင့် ပြစ်ဒဏ်များ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်တွင် တောင်ကြီးမြို့ သစ်တောရပ်ကွက် အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းတက်နေသော Grade 12 ကျောင်းသူတစ်ဦးသည် ခေါင်းကိုက်သဖြင့် ဆရာမထံ ခွင့်တောင်း၍ အဆောင်၌ ပြန်နားနေစဉ် နေ့လယ် ၁ နာရီ ခန့်တွင် ကျောင်းမှ ကျောင်းအုပ်၏ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး သူမ ကို အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

 ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်း ၂ နာရီ၌  နယ်မြေရဲစခန်းတွင် (ပ) ၁၅/ ၂၀၂၆ ရာဇသတ်ကြီး ပုဒ်မ - ၃၇၆ အမှုဖြင့် နစ်နာသူဘက်မှ အမှုဖွင့်ခဲ့ပြီး  အဓမ္မပြုကျင့်မှု   ကျူးလွန်သူ ဇာနည်သွေးအား မွန်းလွဲပိုင်းအချိန်မှာပင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#တောင်ကြီးမြို့အောင်မြေသစ်ကိုယ်ပိုင်ကျောင်း #အဓမ္မပြုကျင့်မှု #elevennews

Most Read

Most Recent