၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မွန်ပြည်နယ်အတွင်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၀၅၄၂ ဦးရှိခဲ့ပြီး ၅၉၂၄ ဦးအောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၅၆ ဒသမ ၁၉ ရာခိုင်နှုန်းရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် အဆင့် ၄ ရရှိခဲ့ကြောင်း မွန်ပြည်နယ်ပြည်နယ်ပညာရေးမှူးရုံး နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ဇွန်လ (၂၈) ရက်နေ့နံနက်အစောပိုင်းအချိန်က ထုတ်ပြန်ခဲ့သည့် (၂၀၂၆) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအရ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား (၉၆၅) ဝင်ရောက်ဖြေဆိုခဲ့ရာ (၅၆၉) ဦး အောင်မြင်ခဲ့ကြောင်း၊ ဘီးလင်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား (၇၀၁) ဝင်ရောက်ဖြေဆိုခဲ့ရာ (၄၆၀) ဦး အောင်မြင်ခဲ့ကြောင်း၊ သထုံမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား (၈၅၉ ) ဝင်ရောက်ဖြေဆိုခဲ့ရာ (၄၃၈) ဦး အောင်မြင်ခဲ့ကြောင်နှင့် ပေါင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား (၇၇၄) ဝင်ရောက်ဖြေဆိုခဲ့ရာ (၃၀၄) ဦး အောင်မြင်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
အလားတူ မော်လမြိုငမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား (၂၉၇၄) ဝင်ရောက်ဖြေဆိုခဲ့ရာ (၁၇၄၀) ဦး အောင်မြင်ခဲ့ကြောင်း၊ ချောင်းဆုံမြို့နယ် အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား (၆၇၇) ဝင်ရောက်ဖြေဆိုခဲ့ရာ (၃၇၇) ဦး အောင်မြင်ခဲ့ကြောင်း၊ ကျိုက်မရောမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား (၃၂၂) ဝင်ရောက်ဖြေဆိုခဲ့ရာ (၁၅၈) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ထို့အတူ မုဒုံမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား (၁၅၀၁) ဝင်ရောက်ဖြေဆိုခဲ့ရာ (၉၀၈) ဦး အောင်မြင်ခဲ့ကြောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား (၁၁၄၂) ဝင်ရောက်ဖြေဆိုခဲ့ရာ (၆၁၆) ဦး အောင်မြင်ခဲ့ကြောင်း၊ ရေးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား (၆၂၇) ဝင်ရောက်ဖြေဆိုခဲ့ရာ (၂၆၉) ဦး အောင်မြင်ခဲ့ကြောင်း နှင့် စုစုပေါင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၁၀၅၄၂) ဦးအနက် (၅၉၂၄) ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း (၅၆ ဒသမ ၁၉) ရာခိုင်နှုန်း ဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်ရာခိုင်နှုန်း အဆင့် (၄) သာရရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် မွန်ပြည်နယ်အတွင်း (၆) ဘာသာဂုဏ်ထူးရှင် (၁၄) ဦးထွက်ရှိခဲ့ပြီး မော်လမြိုင်မြို့နယ်မှ (၈) ဦးနှင့် မုဒုံမြို့နယ်မှ (၆) ဦးတို့ဖြစ်ကြောင်း၊ ထို့အတူ (၅) ဘာသာဂုဏ်ထူးရှင် (၆၉) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၁၆၁) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁၇၅) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၂၈၀) ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် (၇၁၁) ဦးထွက်ရှိခဲ့ကြောင်းလည်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မွန်ပြည်နယ်အတွင်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၈၉၇၂) ဦးရှိခဲ့ပြီး (၅၁၂၈) ဦးအောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း (၅၇.၁၆) အထိရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
Photo Credit - CJ















