၂၀၂၆ ကမ္ဘာ့ဖလား (၃၂)သင်းအဆင့်မှာ ဘရာဇီးလ်နဲ့ ဂျပန် ဆုံတွေ့

၂၀၂၆ ကမ္ဘာ့ဖလား (၃၂)သင်းအဆင့်မှာ ဘရာဇီးလ်နဲ့ ဂျပန် ဆုံတွေ့
Photo: X
Photo: X
Published 26 June 2026

မြန်မာစံတော်ချိန် ဒီနေ့မနက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲစဉ်တွေအပြီးမှာ (၃၂)သင်းအဆင့်အတွက် ပွဲစဉ်အတွဲအဖက်တွေ ထပ်မံထွက်ပေါ်လာခဲ့ပြီး ဘရာဇီးလ်နဲ့ ဂျပန်တို့ ဆုံတွေ့ခဲ့ကြောင်း သိရပါတယ်။

ဘရာဇီးလ်က အုပ်စု(C)မှာ ပထမရရှိခဲ့ပြီး ဂျပန်အသင်းက အုပ်စု(F)မှာ ဒုတိယရရှိခဲ့တာကြောင့် (၃၂)သင်းအဆင့်မှာ ဆုံတွေ့ခဲ့တာပါ။

ဂျပန်အသင်းက အုပ်စုတွင်းမှာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေနဲ့ ရှုံးပွဲမရှိအောင်ကစားပြီး ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ကို (၃)ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ (၃၂)သင်းအဆင့်အတွက် ပွဲစဉ်အတွဲအဖက် (၄)ခု ထွက်ပေါ်ခဲ့ပြီဖြစ်ပြီး တောင်အာဖရိက - ကနေဒါ၊ ဘရာဇီးလ် - ဂျပန်၊ နယ်သာလန် - မော်ရိုကို၊ အမေရိကန် - ဘော့စနီးယားတို့ ဖြစ်ပါတယ်။

(၃၂)သင်းအဆင့်ပွဲစဉ်တွေကို ဇွန်(၂၈)မှာ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး တောင်အာဖရိက - ကနေဒါပွဲနဲ့ စတင်ဖွင့်လှစ်မှာပါ။

ဆွီဒင်၊ အီကွေဒေါနဲ့ ဘော့စနီးယားတို့က အုပ်စုတတိယနေရာသာ ရရှိခဲ့ကြပေမဲ့ အကောင်းဆုံးအုပ်စုတတိယ(၈)သင်းထဲ ပါဝင်ဖို့ သေချာခဲ့တာကြောင့် (၃၂)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ကြခြင်း ဖြစ်ပါတယ်။

Most Read

Most Recent