■ AYA Pay၊ Card System အစရှိသည့် ပင်မစနစ်များနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်းမရှိသည့်အပြင် အခြားဘဏ်စနစ်များကိုလည်း ထိခိုက်မှုမရှိဟု ဘဏ်က ထုတ်ပြန်
AYA Pay၊ Card System အစရှိသည့် ပင်မစနစ်များနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်းမရှိသည့်အပြင် အခြားဘဏ်စနစ်များကိုလည်း ထိခိုက်မှုမရှိဟု ဘဏ်က ထုတ်ပြန်သည်။
ပြည်တွင်းထိပ်တန်းဘဏ်တစ်ခုဖြစ်သည့် ဧရာဝတီဘဏ်၏ ကွန်ပြူတာစနစ်ကို ဝင်ရောက်ပြီး အချက်အလက်များကို ခိုးယူထားကာ သတ်မှတ်ရက်အတွင်း ငွေမပေးပါက ရောင်းစားမည်ဟု Lapsus$ ဆိုသည့် ဟက်ကာအဖွဲ့က ကြေညာအပြီးတွင် ဘဏ်ဘက်က ထုတ်ပြန်လာခြင်းဖြစ်သည်။
ဧရာဝတီဘဏ်တွင် အသုံးပြုသည့် Application Portal အဟောင်းတစ်ခုမှ ငွေကြေးဆိုင်ရာမပါသော လျှောက်လွှာပေါ်ရှိ အချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊၎င်း Portal သည်ဘဏ်၏ Core Banking System/ AYA Pay System/ Card System အစရှိသော ပင်မစနစ်များနှင့်တိုက်ရိုက်ချိတ်ဆက်ထားမှုမရှိသည့်အပြင် အခြား Systems များအား (လုံးဝ)ထိခိုက်မှုမရှိသည့်အတွက် AYA Pay နှင့် AYA Internet Banking / Mobile Banking စနစ်များကိုလည်း ပုံမှန်အတိုင်း စိတ်ချလုံခြုံမှုအပြည့်နဲ့ ဆက်လက်အသုံးပြုနိုင်ကြောင်း ဧရာဝတီဘဏ်က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး သုံးစွဲသူများ စိတ်အနှောင့်အယှက်တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက အနူးအညွတ်တောင်းပန်အပ်ကြောင်း၊ AYA Bank ၏ Cyber Security နည်းပညာဆိုင်ရာ လုံခြုံရေးအဆင့်မြှင့်တင်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်ထားလျက်ရှိကြောင်း၊ AYA Bank သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ (လုံးဝ)ဘေးကင်းလုံခြုံစွာရှိနေကြောင်း ဧရာဝတီဘဏ်က ထုတ်ပြန်သည်။















