မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှ မီးလောင်မှု ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်၊ ညနေ ၄ နာရီ ၃၂ မိနစ်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ၅၇ လမ်း၊ ၁၀၆ လမ်းနှင့် ၁၀၇ လမ်းကြား ရှိ ၃၀ ပေ × ၅၅ ပေ Streel Structure အဆောက် အဦတွင် ပင်လယ်စာများ အအေးခံထားသော အအေးခန်း Box အပေါ်တွင် ခွေထားသည့် လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှ အနီးရှိ ဖော့များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် Streel Structure အဆောက် အဦနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေ ၁၅ ဦး၊ အရန် ၃၀ ဦး တို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ကြောင်း၊ ရေဂါလန် ၁၆၀၀ ဂါလန်ခန့်၊ မီးကြွင်းမီးကျန် ရေဂါလန် ၈၀၀ ဂါလန်ဖြင့် အသုံးပြု ငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၃ မိနစ် အချိန် မီးထိန်းနိုင်ပြီး ညနေ ၄ နာရီ ၄၅ မိနစ် အချိန် မီးလုံးဝငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်ပြီး အောင်ပင်လယ်နယ်မြေရဲစခန်းမှ ပိုင်ရှင် အသက် ၃၇ နှစ်အရွယ် အမျိုးသားအား (ပ-၁၀၇/၂၀၂၆) ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရှိရပါသည်။
သက်ထွန်းအောင်
ဓာတ်ပုံ-ကိုသန်းဌေး















