မကွေးတိုင်း ရေစကြိုမြို့နယ် ဖူလုံကျေးရွာရှိစာသင်ကျောင်းအတွင်းသို့ PDF များက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ကြောင်း သိရသည်။
ဇွန် ၂၂ ရက် မွန်းလွဲပိုင်းတွင် PDF များက မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ဖူလုံ)အား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ကျောင်းဝန်း အပြင်ဘက် မျက်နှာစာနေရာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါဗုံးသီးပြရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















