ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ ရာထူးမှ နုတ်ထွက်

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ ရာထူးမှ နုတ်ထွက်
Published 22 June 2026

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် မူဝါဒပိုင်းဆိုင်ရာ နောက်ကြောင်းပြန်လှည့်မှုများနှင့် လူထု၏ ထောက်ခံမှုကျဆင်းမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဇွန် ၂၂ ရက်တွင် ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

စတာမာသည် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ရာထူးသက်တမ်း နှစ်နှစ်မပြည့်မီကာလအတွင်း နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ ကျွန်တော်ချစ်တဲ့ နိုင်ငံကို ရှေ့တန်းတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ဟာ လေဘာပါတီခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်မှာဖြစ်ပါတယ်" ဟု စတာမာက အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးအပြင်ဘက်တွင် ပြောကြားခဲ့သည်။

လေဘာပါတီ ခေါင်းဆောင်အသစ် ရွေးချယ်မည့် လုပ်ငန်းစဉ်ကို ဇူလိုင်လတွင် စတင်မည်ဖြစ်ပြီး လာမည့် စက်တင်ဘာလတွင် ၎င်း၏နေရာကို ဆက်ခံမည့်သူအား ရွေးချယ်ပြီးစီးသည်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း စတာမာက ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent