■ ရန်ကုန်-မန္တလေးလမ်းမကြီးတွင် Express ယာဉ်နှစ်စီး တိုက်မိပြီး သုံးဦးသေဆုံး

■ ရန်ကုန်-မန္တလေးလမ်းမကြီးတွင် Express ယာဉ်နှစ်စီး တိုက်မိပြီး သုံးဦးသေဆုံး
Published 22 June 2026

ရန်ကုန်-မန္တလေးလမ်းမကြီးတွင် Express ယာဉ်နှစ်စီး တိုက်မိပြီး လေးဦးဒဏ်ရာရကာ သုံးဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

ဇွန် ၂၂ ရက် နံနက် ၃ နာရီခန့်တွင် ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံတွင် ရတနာဖြိုး Express ယာဉ်အား နောက်မှ ရွှေမန္တလာ Express ယာဉ် ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားသုံးဦးနှင့် ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး အမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူတို့အား ကြက်ခြေနီအသင်း၊ မြို့မလူမှုကူညီရေး အသင်းတို့မှ သူနာတင်ယာဉ်များဖြင့် ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ်အား ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြေင်း သိရသည်။

Most Read

Most Recent