သြစတြေးလျတွင် ကူးစက်မြန် H5 ကြက်ငှက်တုပ်ကွေး ပထမဆုံးအကြိမ် တွေ့ရှိ

သြစတြေးလျတွင် ကူးစက်မြန် H5 ကြက်ငှက်တုပ်ကွေး ပထမဆုံးအကြိမ် တွေ့ရှိ
Published 20 June 2026
Ref: AFP

သြစတြေးလျနိုင်ငံတွင် H5 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်မျိုးကွဲကို ပထမဆုံးအကြိမ် တွေ့လာရပြီဟု စိုက်ပျိုးရေးဝန်ကြီးက ဇွန် ၂၀ ရက်တွင် ကြေညာခဲ့သည်။

ယခုအခါ အလွန်ကူးစက်မြန် အဆိုပါဗိုင်းရပ်စ်မျိုးကွဲသည် ကမ္ဘာ့တိုက်ကြီးအားလုံးသို့ ပျံ့နှံ့လာပြီဖြစ်သည်။

အနောက်သြစတြေးလျဒေသရှိ ရွှေ့ပြောင်းပင်လယ်ပျော်ငှက်တစ်​ကောင်တွင် H5 ကြက်ငှက်တုပ်ကွေးကို တွေ့ခဲ့ခြင်းဖြစ်ပြီး ယင်းဒေသ၌ပင် အခြားနေမကောင်းဖြစ်နေသည့် ငှက်တစ်ကောင်ထံမှ ရယူထားသည့် ဓာတ်ခွဲနမူနာများတွင်လည်း ရောဂါပိုးရှိနိုင်ကြောင်း သံသယဖြစ်ဖွယ် တွေ့နေရသည်ဟု စိုက်ပျိုးရေးဝန်ကြီး ဂျူလီ ကောလင်းစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဩစ​တြေးလျဝန်ကြီးချုပ် အန်သနီ အယ်လ်ဘာနိစ်ကလည်း အဆိုပါရောဂါပိုး တွေ့ရှိမှုသည် စိုးရိမ်စရာကောင်းပြီး ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် အစိုးရက အစီအမံများ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

H5 ဗိုင်းရပ်စ်မျိုးကွဲသည် ကမ္ဘာတစ်ဝန်းရှိ မွေး​မြူရေးကြက်ငှက်များ၊ တောရိုင်းငှက်များနှင့် နို့တိုက်သတ္တဝါများတွင် ​ရောဂါဖြစ်နှုန်း ပြင်းထန်​ခြင်းနှင့် သေဆုံးမှုနှုန်း မြင့်မားခြင်းတို့ ဖြစ်စေခဲ့သည်။ ယခင်က အဆိုပါ ဗိုင်းရပ်စ်မျိုးစိတ် မတွေ့ရသေးသည့် တစ်ခုတည်းသော တိုက်က သြစတြေးလျတိုက်ဖြစ်သည်။

 

Photo -Reuters

Most Read

Most Recent