PDFပါဝင်သော လက်နက်ကိုင်အဖွဲ့စည်းအသီးသီးမှ လက်နက်ဖြင့် အလင်းဝင်လာသူ ၃၇၆ဦးအား  မိဘထံပြန်လည်အပ်နှံပွဲ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်

PDFပါဝင်သော လက်နက်ကိုင်အဖွဲ့စည်းအသီးသီးမှ လက်နက်ဖြင့် အလင်းဝင်လာသူ ၃၇၆ဦးအား  မိဘထံပြန်လည်အပ်နှံပွဲ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်
Published 19 June 2026

PDFပါဝင်သော လက်နက်ကိုင်အဖွဲ့စည်းအသီးသီးမှ လက်နက်ဖြင့် အလင်းဝင်လာသူ ၃၇၆ဦးကို  မိဘထံပြန်လည် အပ်နှံပွဲအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဇွန်လ၁၉ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

PDFပါဝင်သော လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတွင်​ရောက်ရှိနေသောသူများ ဥပဒေဘောင်အတွင်းသို့ လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာသူများကို လက်ခံကြိုဆိုခြင်း၊ ဆုကြေး ငွေထောက်ပံ့ ခြင်းနှင့် မိဘထံပြန်လည်အပ်နှံပွဲကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့အပါအဝင် ပြင်ဦးလွင်၊ သပိတ်ကျင်း၊ မိုးကုတ်၊ စဉ့်ကူး၊ မိုးမိတ်၊မတ္တရာ၊ မြင်းခြံ၊ မြင်းခြံ၊ညောင်ဦး၊ ချောက်၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ ​တံတားဦး၊ စဉ့်ကိုင်၊ မြစ်သား၊ ငဖဲ၊ စလင်း၊စေတုတ္တရာ၊ပွင့်ဖြူ၊ သရက်၊ မင်းတုန်း၊ တောင်တွင်းကြီး၊ ပခုက္ကူ၊ကျောမြို့နယ် စသည့်ဒေသများ၏ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ အမျိုးသား ၃၃၈ဦး၊ အမျိုးသမီး ၃၈ဦး၊ စုစုပေါင်း ၃၇၆ဦးသည် MA1 သေနတ် ၈လက်၊ MA2 သေနတ်၂လက်၊ MA 3သေနတ် ၈လက်၊ M22 သေနတ် ၂လက်၊ AK 47သေနတ် ၁လက်၊ MA -11သေနတ် ၁လက်၊ Type81 သေနတ် ၂လက်၊ ပစ္စတိုသေနတ် ၂လက်၊ လက်လုပ်သေနတ် ၁၂လက်၊ ကျည်အိမ်မျိုးစုံ၃ရခု၊ ကျည်မျိုးစုံရ၄၉ တောင့်၊ လက်ပစ်ဗုံး ၅ခုတို့ဖြင့် အလင်းဝင်ရောက်လာခြင်း ဖြစ်သည်။

အလင်းဝင်ရောက်လာသူများကို မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်မှ အမှာစကားပြောကြားခဲ့ပြီး ဆုကြေးငွေထောက်ပံ့ခြင်း၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဌေးမှ အသိ​ပညာပေးစကားပြောကြားခြင်းနှင့် လက်နက်အပ်နှံမှုများကိုလက်ခံကာ အမှတ်တရလက်ဆောင်များ ​ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မေလ၁၉ရက်နေ့ထိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်လာသူဥိီးရေမှာ ၂၀၂၁ဦးဖြစ်ရာ စုစုပေါင်း ၂၃၉၇ ဦးရှိပြီဖြစ်သည်။

Most Read

Most Recent