နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တရုတ်သမ္မတ ရှီကျင့်ဖျင်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည်ခံခဲ့ကြောင်း သိရသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့(ဇွန် ၁၆ ရက်)ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် ပေကျင်းမြို့ရှိ The Great Hall တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတမစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံ သမ္မတနှစ်ဦးရှေ့မှောက်တွင် နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက သဘောတူစာချုပ်နှင့်နားလည်မှုစာချွန်လွှာ ၁၈ ခုတို့ကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား တရုတ်ပနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က အထူးဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံရာ ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က အသင့်စောင့်ကြိုလက်ဆွဲနှုတ်ဆက်ကြိုဆိုပြီး နေ့လယ်စာသုံးဆောင်မည့်ခန်းမအတွင်း သို့ အတူတကွဝင်ရောက်ကာ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။
အထူးဂုဏ်ပြုနေ့လယ်စာသုံးဆောင်နေစဉ်အတွင်း တရုတ်ရိုးရာယဉ်ကျေးမှု အဖွဲ့ များက နှစ်နိုင်ငံတေးသီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ဖျော်ဖြေကြသည်။















