■ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် မဂ္ဂနီကျု ၆ ဒသမ ၂ ရှိ မြေငလျင်လှုပ်သွားသည်ဟု USGS ထုတ်ပြန်

■ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် မဂ္ဂနီကျု ၆ ဒသမ ၂ ရှိ မြေငလျင်လှုပ်သွားသည်ဟု USGS ထုတ်ပြန်
Published 15 June 2026

ဇွန် ၁၅ ရက်က ဖိလစ်ပိုင်တောင်ပိုင်းတွင် မဂ္ဂနီကျု ၆ ဒသမ ၂ ရှိ မြေငလျင်လှုပ်ခဲ့သည်ဟု အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန(USGS)က ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သော သီတင်းပတ်တွင် ယင်းဒေသ၌ပင် အနည်းဆုံး ၆၅ဦး သေဆုံးခဲ့သည့်အင်အားပိုမိုပြင်းထန်သောငလျင်လှုပ်ခဲ့ပြီးနောက် ယခုငလျင်လှုပ်ခြင်းဖြစ်သည်။

မြေငလျင်သည် ‌ဇွန် ၁၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၈ မိနစ်တွင် မင်ဒါနာအိုကျွန်း ကမ်းရိုးတန်းအလွန်

မြေအနက် ၁၁၂ ကီလိုမီတာ(၆၉ဒသမ ၅ မိုင်)တွင်လှုပ်သွားခြင်းဖြစ်သည်ဟု USGS က ထုတ်ပြန်သည်။ 

အမျိုးသားမြေငလျင် အေဂျင်စီကထုတ်ပြန်ခဲ့ရာတွင်ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်းမရှိဟု ဖော်ပြခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသည့်သတင်းများ၊ထိခိုက်ပျက်စီးမှုသတင်းများကိုချက်ချင်းမရရှိသေးကြောင်းတွင်ပြည်နယ်ဆိုင်ရာဘေးအန္တရာယ်ရုံး Davao Oriental၏ ကိုင်ဇာကာဒစ်ဇ်က AFP ကိုပြောကြားခဲ့ပြီး အင်အား အသင့်အတင့်ရှိသော မြေငလျင်ဖြစ်သည်ဟု ဆိုသည်။

ဇွန်လ၈ရက်တုန်းကတော့ မဂ္ဂနီကျု ၇ ဒသမ ၈ ရှိသောမြေငလျင်သည် မင်ဒါနာအိုတွင်လှုပ်သွားခဲ့ရာ အဆောက်အအုံများပြိုကျခဲ့ပြီး မြေပြိုမှုများဖြစ်ပွားခဲ့သည်။ လူထောင်ချီ နေရပ်စွန့်ခွာခဲ့ရသည်။

Ref:AFP

AFP photos

Most Read

Most Recent