(၂၁)ရာစုအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၇)ဂိုးနဲ့အထက် (၃)ကြိမ်သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် ဂျာမနီ မှတ်တမ်းဝင်

(၂၁)ရာစုအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၇)ဂိုးနဲ့အထက် (၃)ကြိမ်သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် ဂျာမနီ မှတ်တမ်းဝင်
Photo: X
Photo: X
Published 15 June 2026

ဂျာမနီအသင်းဟာ (၂၁)ရာစုအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၇)ဂိုးနဲ့အထက် (၃)ကြိမ်သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဂျာမနီအသင်းဟာ မနေ့က ယှဉ်ပြိုင်တဲ့ပွဲမှာ ကူရာဆာအသင်းကို (၇-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အခုလိုမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။

ဂျာမနီအသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဆော်ဒီအာရေဗျအသင်းကို (၈-၀)ဂိုး၊ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဘရာဇီးလ်အသင်းကို (၇-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အခု ကူရာဆာအသင်းကို (၇-၁)ဂိုးနဲ့ ထပ်မံအနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးအပြတ်ဆုံးပွဲအဖြစ် မှတ်တမ်းဝင်ထားတာကတော့ ဟန်ဂေရီ ၁၀-၁ အယ်လ်ဆယ်လ်ဗာဒေါ(၁၉၈၂ ကမ္ဘာ့ဖလား)၊ ဟန်ဂေရီ ၉-၀ တောင်ကိုရီးယား(၁၉၅၄ ကမ္ဘာ့ဖလား)၊ ယူဂိုဆလားဗီးယား ၉-၀ ဇိုင်ယာ(၁၉၇၄ ကမ္ဘာ့ဖလား)တို့ ဖြစ်ပါတယ်။

ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးအသင်းအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ကြောင်း ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းက စုစုပေါင်း (၂၃၈)ဂိုးနဲ့ ဂိုးသွင်းအများဆုံးအသင်းအဖြစ် စံချိန်တင်ထားတာကို ဂျာမနီအသင်းက (၂၃၉)ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

Most Read

Most Recent