■ ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများ၏ အမည်စာရင်းများ ထုတ်ပြန် 

■ ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများ၏ အမည်စာရင်းများ ထုတ်ပြန် 
Published 13 June 2026

ပြန်ကြား‌‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကို အဖွဲ့‌ခေါင်းဆောင်အဖြစ် တာဝန်ပေးကာ ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်များ အမည်စာရင်း ထုတ်ပြန်ထားကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရ၏ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင်အဖြစ် ပြန်ကြားရေးဒုဝန်ကြီးဦးရဲတင့်က အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ကာ ဒုတိယခေါင်းဆောင်အဖြစ် ဦးသုတ နိုင်ငံတော်သမ္မတရုံး သတင်းပြန်ကြားဗျူရိုကို တာဝန်ပေးအပ်ထားကြောင်း သိရသည်။ 

သက်ဆိုင်ရာ ဝန်ကြီးဌာနများရှိ ဦးဆောင်ညွှန်ကြား‌ရေးမှူး၊ အမြဲတမ်းအတွင်းဝန်များ၊ တပ်မတော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့မှ တစ်ဦး အပါအဝင် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများကို သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်များအဖြစ် အမည်စာရင်း ထုတ်ပြန်ထား‌ကြောင်း သိရသည်။

 

Most Read

Most Recent