ထိုင်းနိုင်ငံ​ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သားငယ် သမီးငယ်များ ပညာသင်ကြားနိုင်ရန် ဖွင့်လှစ်ထားထား​သော ​ရွှေ့​ပြောင်းပညာရေးကော်မတီ(BMWEC)၏ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကျင်းပ

ထိုင်းနိုင်ငံ​ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သားငယ် သမီးငယ်များ ပညာသင်ကြားနိုင်ရန် ဖွင့်လှစ်ထားထား​သော ​ရွှေ့​ပြောင်းပညာရေးကော်မတီ(BMWEC)၏ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကျင်းပ
Published 9 June 2026

ထိုင်းနိုင်ငံ​ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သားငယ် သမီးငယ်များ ပညာသင်ကြားနိုင်ရန် ဖွင့်လှစ်ထားထား​သော ​ရွှေ့​ပြောင်း ပညာရေးကော်မတီ(BMWEC)၏ ၂၅ နှစ်ပြည့်ငွေရတုအခမ်းအနားကို  မြဝတီတဖက်ကမ်း မဲဆောက်မြို့တွင်  ဇွန် ၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ BMEEC ၏ ​ငွေရတုအခမ်းအနားကို အခမ်းအနားကို  ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Wattana Village Resort ဆိုင်၏ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သားပညာရေးကျောင်းများစွာရှိပြီး ထိုကျောင်းများမှ မြန်မာနိုင်ငံသင်ရိုးညွှန်းတမ်း အတိုင်း  တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများသည် မြဝတီမြို့ရှိ အစိုးအထက်တန်းကျောင်းများတွင် လာရောက်ဖြေဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံဘက်တွင် အလုပ်လာလုပ်ကြရ​သော်လည်း သားသမီးများ ပညာသင်ကြားခွင်ရသည့်အတွက်ဂုဏ်ယူ​ကြောင်းနှင့် တက္ကသိုလ်ဝင်တန်းလာ​ရောက်​ဖြေဆို​သောအခါ လုပ်အပ်ချက်များကို ကူညီသွားမည်ဖြစ်​ကြောင်း BGF တပ်မှူး ဦး​စောမုတ်သုန်က​ပြောသည်။

"ဘယ်လိုဘဲဖြစ်ဖြစ်​လေ ထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်က​လေး​တွေ ပညာသင်ကြားရဖို့အဓိကပါ၊ မြန်မာနိုင်ငံဘက်ကိုလာပြီး တက္ကသိုလ်ဝင်တန်း​ဖြေဆိုတဲ့အခါလည်း အတတ်နိုင်ဆုံး ၀ိုင်းဝန်းပြီး စားစရာကအစ ကူညီ​ဆောင်ရွက်​ပေးပါတယ်။ထိုင်းဘက်မှာ အလုပ်လာလုပ်ကြတဲ့ အလုပ်သမား​တွေဆို​ပေမဲ့ သားသမီး​တွေ ပညာသင်ကြားရလို့ ဂုဏ်ယူစရာပါ" ဟု အခမ်းအနားသို့တက်​ရောက်ခဲ့သည့် BGF တပ်မှူးဦး​စောမုတ်သုန်က​ပြောသည်။

(BMWEC)မြန်မာရွှေ့ပြောင်းလုပ်သားပညာရေးကော်မတီ၏ လက်အောက်တွင် ပြည်တွင်း ပြည်ပမှာ ကျောင်းပေါင်း များစွာရှိကြောင်း သိရသည်။

Most Read

Most Recent