ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်တွင် မိုးများပြီး မြေပြိုမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်တွင် မိုးများပြီး မြေပြိုမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
Published 8 June 2026

ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်တွင် မိုးများပြီး မြေပြိုမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇွန် ၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်(၆)၊ အုပ်စု(၅)ရှိ နေအိမ်အနီးတွင် မြေပြိုမှုဖြစ်ပွားပြီး နေအိမ်၏ဝဲဘက်အခန်းပေါ်သို့ ပိမိနေကြောင်းသတင်းရရှိသဖြင့် တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ရုပ်အလောင်းအား တန့်ယန်းအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent