ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုသည် ဘီလာရုစ်နှင့် မြန်မာကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက်ကို မေ ၂၅ ရက်က အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း ဘီလာရုစ်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်ဟု reform.news သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ သဘောတူညီချက်အရ တရားဝင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများနှင့် ဘီလာရုစ်နိုင်ငံသားများသည် တစ်ဖက်နှင့်တစ်ဖက် ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်း၊ ဖြတ်သန်းသွားလာခြင်းနှင့် ယာယီနေထိုင်ခြင်းတို့အတွက် ဗီဇာကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။
ဗီဇာကင်းလွတ်ခွင့်အရ နိုင်ငံအတွင်းသို့ ဝင်ရောက်သည့်နေ့မှစပြီး ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး တစ်နှစ်လျှင် စုစုပေါင်း ရက်ပေါင်း ၉၀ အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။
အဆိုပါသဘောတူညီချက်စာချုပ်ကို လူကာရှန်ကို၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
Ref: inform.news
Photos- AP















