■ ဘီးလင်းမြို့ ဆရာစံရပ်ကွက်ရှိ နေအိမ်ခြံဝင်းအတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

■ ဘီးလင်းမြို့ ဆရာစံရပ်ကွက်ရှိ နေအိမ်ခြံဝင်းအတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Published 20 May 2026

မွန်ပြည်နယ် ဘီးလင်းမြို့ ဆရာစံရပ်ကွက်ရှိ နေအိမ်ခြံဝင်းအတွင်း ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁၈ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ဘီးလင်းမြို့ ဆရာစံရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထို့ကြောင့် ယင်းခြံဝင်းအတွင်းရှိ နေအိမ်အောက်ထပ်တွင်ရှိသည့် အသက် ၄၂ နှစ်အရွယ် ဒေါ်ခိုင်ခိုင်အေး၏လက်တွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗုံးစထိမှန်ခဲ့တဲ့ အမျိုးသမီးက ဒဏ်ရာမပြင်းထန်ဘူးလို့ သိရပါတယ်။ သူ့ကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကို လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ် ဟု မြို့ခံတစ်ဦးက ပြောကြားသည်။

ယမန် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်ကလည်း ကျိုက်မရောမြို့မရဲစခန်းနှင့် မြို့နယ်ဥပဒေရုံးကြားရှိ ဗညားအိမ်ကားလမ်းမပေါ်သို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သေးကြောင်းနှင့် Drop Bomb ကျရောက်ကွဲမှုကြောင့် လူထိခိုက်မှု၊ အဆောက်အဦးများ ထိခိုက်ပျက်ဆီးမှုမရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent