အိန္ဒိယ-မြန်မာနယ်စပ်၌ မြန်မာမူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုက ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ်၌ မြန်မာမူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုက ဖမ်းဆီး
Published 19 May 2026

အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) က အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လှုပ်ရှားနေသော နိုင်ငံဖြတ်ကျော် မူးယစ်မှောင်ခိုကူးမှု ကွန်ရက်များကို အဆက်မပြတ်ဖြိုခွင်းနေရာတွင် မြန်မာအခြေစိုက်မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးမိခြင်းဖြင့် ကြီးကြီးမားမား အောင်မြင်မှုရခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီမိသည့် မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်သည် သန်စင်တူယန် ခေါ် ချင်တူယန်ခေါ် တလူရန်ဂါဖြစ်သည်ဟု NCB က ဖော်ပြထားသည်။

ချင်းပြည်နယ်၏ Bulfek ဒေသခံဖြစ်သော သန်စင်တူယန်ကို အလေးထားစောင့်ကြည့်ခြင်း၊ ထောက်လှမ်းရေးသတင်းများ ရယူခြင်း၊ ပြည်နယ်ချင်းဆက် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ နောက်ဆက်တွဲစစ် ဆင်ရေးများ ဆက်တိုက်လုပ်ဆောင်နေခြင်းတို့ လုပ်ခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု NCB က ဖော်ပြခဲ့သည်။

NCB သည် မူးယစ်းဆေးဝါးပေးပို့မှုများကို ကြားဖြတ်ဖမ်း ရုံသက်သက်မဟုတ်ဘဲ အဖွဲ့တစ်ခုလုံးကို ဖြိုဖျက်လိုက်ခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ပြောကြားသည်။

၎င်းသည် ယခုနှစ်ထဲတွင် NCB က ဖမ်းဆီးခဲ့သည့် မြန်မာအခြေစိုက် ဒုယတိယအကြီးဆုံး မူးယစ်ဆေးဝါးရောင်းသူဖြစ်သည်ဟု ဆိုသည်။

မတ်လထဲတွင်လည်း နောက်ထပ်ချင်းပြည်နယ်တွင် နေထိုင်သူတစ်ဦးဖြစ်သော Lalhmingsanga ကို မီဇိုရန်ပြည်တွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

Ref: NDTV

Most Read

Most Recent