တရုတ်တွင် ပြင်းအား ၅ ဒသမ ၂ ရှိ ငလျင်လှုပ်ခတ်ပြီး အဆောက်အအုံ​ ၁၃ ခု ပြိုကျကာ လက်ရှိတွင် သေဆုံးသူ နှစ်ဦးရှိ

တရုတ်တွင် ပြင်းအား ၅ ဒသမ ၂ ရှိ ငလျင်လှုပ်ခတ်ပြီး အဆောက်အအုံ​ ၁၃ ခု ပြိုကျကာ လက်ရှိတွင် သေဆုံးသူ နှစ်ဦးရှိ
Published 18 May 2026
Ref: Reuters

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကွမ်ရှီးဒေသတွင် ​မေ ၁၈ ရက်နံနက်အစောပိုင်းက ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ နှစ်ဦးသေဆုံးခဲ့ပြီး လျိုကျိုးမြို့ခံ ၇၀၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရသည်။

လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်နိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။

လူလေးဦးကို ဆေးရုံသို့ ပို့ဆောင်ထားသော်လည်း စိုးရိမ်ရသည့် အ​နေအထားမဟုတ်ကြောင်း CCTV နှင့် ဆင်ဟွာသတင်းဌာနတို့က ဖော်ပြသည်။ငလျင်လှုပ်ခတ်မှု​ကြောင့် အဆောက်အအုံ ၁၃ ခုပြိုကျပျက်စီးခဲ့ကြောင်းလည်း နိုင်ငံပိုင်ရုပ်သံ CCTV က သတင်းထုတ်ပြန်ခဲ့သည်။ Photos: Reuters & Xinhua News

Most Read

Most Recent