အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံလျက်ရှိသည့် လူခေါ်ပွဲစားလုပ်ကိုင်သူများအား ဖမ်းဆီး

အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံလျက်ရှိသည့် လူခေါ်ပွဲစားလုပ်ကိုင်သူများအား ဖမ်းဆီး
Published 11 May 2026

အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံလျက်ရှိသည့် လူခေါ်ပွဲစားလုပ်ကိုင်သူများအား ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်း လူမိုက်များသည် လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုများရှိကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့သည် ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် နယ်မြေသတင်းရယူ စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ မေ ၉ ရက် မွန်းလွဲပိုင်းတွင် ဇော်လင်းထွန်း (ခ) တာတီးအား မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီး ရခိုင်ကျောင်းမှတ်တိုင်အနီး၌လည်းကောင်း၊ စိုးသီဟ (ခ) ချစ်သားအား ချစ်တီးကုန်းရပ်ကွက် ခရေပင်လမ်းနှင့် အမှတ် (၃)လမ်းဆုံအနီးတွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ဇော်လင်းထွန်း (ခ)တာတီးနှင့် စိုးသီဟ (ခ) ချစ်သားတို့ နှစ်ဦး၏ ထွက်ဆိုချက်များအရ ၎င်းတို့ နှစ်ဦးသည် သိန်းထိုက်အောင် (ခ) ဂျပန်ကြီး (ဖမ်းဆီးရန်ကျန်) နှင့်အ တူ ၂၀၂၁ ခုနှစ်မှစ၍ အောင်မင်္ဂလာအဝေး ပြေးကားကွင်းအတွင်း အငှားယာဉ်များ၊ ဆိုင်ကယ်ကယ်ရီများထံမှ လစဉ်ငွေကောက်ခံခြင်း၊ ခရီးသည်တင်မှန်လုံယာဉ်များထံမှ ဆင်းလာသည့်ခရီးသည်များအား အငှားယာဉ် ငှားရမ်းစီးနင်းရန် ဖိအားပေးပြောဆိုခြင်း၊ ယာဉ်ငှားခများအား သတ်မှတ်စျေးထက် ပိုမိုတောင်းခံခြင်း၊ အငှားယာဉ်မောင်းသမားများအပေါ် ငွေကြေးခေါင်းပုံဖြတ်ခြင်းတို့အား အောင်မင်္ဂလာအဝေးပြေး ကားကွင်းအတွင်းရှိ လမ်းများအလိုက် နေရာအပိုင်စားခွဲ၍ လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ အောင်မင်္ဂလာကားကွင်းအတွင်း လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံသူ ဇော်လင်းထွန်း (ခ) တာတီးနှင့် စိုးသီဟ(ခ)ချစ်သားတို့ နှစ်ဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent