စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်က ဒေါ်လာများ ရောင်းချပေးနေ ပြီး စက်သုံးဆီဈေးနှုန်းမှာလည်း သုံးပတ် ဆက်တိုက်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ ဈေးနှုန်းထုတ်ပြန်ချက် အရ သိရသည်။
မေ ၈ ရက်တွင် ရန်ကုန်မြို့တွင်း ရောင်း ချလျက်ရှိသည့် စက်သုံးဆီရည်ညွှန်းဈေး နှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာ လျှင် ၄၅၀၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီ တာလျှင် ၄၆၅၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ လျှင် ၅၀၅၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီ တာလျှင် ၆၀၇၀ ကျပ်ဖြစ်ကြောင်း သိရ သည်။
ပြီးခဲ့သည့် မေ ၁ ရက်တွင် ရန်ကုန်မြို့ တွင်း ရောင်းချခဲ့သည့် စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာ လျှင် ၄၅၁၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီ တာလျှင် ၄၆၇၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ လျှင် ၅၂၇၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီ တာလျှင် ၆၄၅၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၁၅ ကျပ်၊ ၉၅ တစ်လီတာ ကျပ် ၂၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၂၅ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၃၈၅ ကျပ်စီ ကျဆင်းလာခြင်းဖြစ်သည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ ဈေး နှုန်းထုတ်ပြန်ချက်အရ စက်သုံးဆီဈေးနှုန်း များမှာ သုံးပတ်ဆက်တိုက်ကျဆင်းလာခြင်း လည်းဖြစ်သည်။
စက်သုံးဆီများမှာ ရက်သတ္တပတ် နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် ဈေးနှုန်းများကို ပြောင်းလဲခြင်းဖြစ်သည်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများမြင့်တက် ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း များစွာမြင့်တက်သွားခြင်းမရှိစေရေးအတွက် အစိုးရမှ ကြပ်မတ်ညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ နိုင်ငံတော်အတွင်း စက်သုံး ဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှု ရှိကြောင်း၊ စက်သုံးဆီ ဝယ်ယူသုံးစွဲသူများ အ နေဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူသို လှောင်ခြင်းမပြုဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲ ခြင်းဖြင့် ကဏ္ဍအလိုက်အသုံးပြုမှုကို ထိ ရောက်စွာ စီမံခန့်ခွဲနိုင်မည် ဖြစ်ကြောင်း ဝန် ကြီးဌာနက ထုတ်ပြန်သည်။
မေ ၅ ရက်တွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၃၁ သန်းကို ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။















