ဘိုင်ယန်မြူးနစ် - PSG (မေ ၇ ရက် နံနက် ၁း၃၀ နာရီ)
နောက်ဆုံးဆုံတွေ့ခဲ့တဲ့ (၅)ပွဲရလဒ်
PSG ၅-၄ ဘိုင်ယန်မြူးနစ်
PSG ၁-၂ ဘိုင်ယန်မြူးနစ်
PSG ၂-၀ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ် ၁-၀ PSG
ဘိုင်ယန်မြူူးနစ် ၂-၀ PSG
ပထမအကျော့မှာတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးပွဲတွေထဲက တစ်ပွဲအဖြစ် ချီးကျူးခံရတဲ့အထိ အပြန်အလှန်သွင်းဂိုး(၉)ဂိုးနဲ့အတူ စွမ်းဆောင်ပြခဲ့ကြပါတယ်။ ချန်ပီယံလိဂ်ဖလား (၆)ကြိမ်ရထားတဲ့ ဘိုင်ယန်မြူးနစ်နဲ့ လက်ရှိချန်ပီယံ PSG တို့ရဲ့ အားပြိုင်မှုက ဂျာမန်မြေမှာလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ဖြစ်လာဦးမှာ သေချာပါတယ်။ PSG အသင်းက ပထမအကျော့မှာ အနိုင်ရထားပေမဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့ခြင်းဖြစ်တာကြောင့် အားသာချက်သိပ်ရှိမနေပါဘူူး။ ဒီပွဲမတိုင်ခင် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြည်တွင်းပွဲစဉ်တွေမှာ အဓိကကစားသမားတွေကို အနားပေးပြီး ဒီပွဲအတွက် နှစ်သင်းစလုံး ဂရုတစိုက်ပြင်ဆင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ချန်ပီယံလိဂ်မှာ နှစ်သင်းထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ မှတ်တမ်းဟောင်းမှာတော့ ဘိုင်ယန်မြူးနစ်က (၉)ပွဲအနိုင်ရပြီး PSG က (၇)ပွဲအနိုင်ရထားပါတယ်။ ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ပြနိုင်စွမ်းရှိတဲ့ ဥရောပထိပ်သီးနှစ်သင်းရဲ့ ဆုံတွေ့မှုမှာ အိမ်ကွင်းအားသာချက်ရှိနေတဲ့ ဘိုင်ယန်မြူးနစ်ကိုပဲ ရွေးချယ်ချင်ပါတယ်။















