မြန်မာနိုင်ငံသည် ကမ္ဘာလုံး ဆိုင်ရာ ဘေးဖြစ်နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ညွှန်ကိန်း ၂၀၂၅ (World Risk Index) အရ အဆင့် ၆ နေရာတွင်ရှိနေကြောင်း ဒုတိယသမ္မတ(၁) ဦးညိုစောက ပြောကြားခဲ့သည်
မေလ ၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ(၁) ဦးညိုစော တက်ရောက် မိန့်ခွန်းပြောကြားရာ၌ထိုသို့ထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။
ပြောကြားရာတွင် ရာသီဥတုသဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု များတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုးနိုင်ခြေရှိပြီး စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍစုံမှာ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်စွမ်းများကို အခြေခံတွက်ချက်ထားတဲ့ ကမ္ဘာလုံး ဆိုင်ရာ ဘေးဖြစ်နိုင်ခြေနှင့် ထိခိုက်ဆုံးရှုးနိုင်ခြေ ညွှန်ကိန်း ၂၀၂၅ (World Risk Index) အရ မိမိတို နိုင်ငံသည် အဆင့် ၆ နေရာတွင်ရှိကြောင်း၊ မီးသတ်တပ်ဖွဲရဲ့ မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်ရည်မှန်းချက် တာဝန် ၄ ရပ်သည် နိုင်ငံတော်နှင့် ပြည်သူများအတွက် အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခုဖြစ်သည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ပြောကြားခဲ့သည် ။
ဆက်လက်ပြီး သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး သာဓကအနေဖြင့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည့် “မိုခါ” အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာ လအတွင်းဖြစ်ပွားခဲ့သည့် “ရာဂီ” တိုင်ဖုန်းမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများ၊ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေး ငလျင်ကြီးစသော ဖြစ်စဉ်များကြောင့် သေကြေပျောက်ဆုံးမှု၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွား ခဲ့ကြောင်း၊ သဘာဝဘေးကျရောက်ခဲ့သည့် ဒေသများတွင် နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုနှင့် မီးသတ်တပ်ဖွဲဝင်များသည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ အခြားသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲများနဲ့အတူ တွေ့ကြုံခဲ့ရတဲ့ ဘေးအန္တရာယ်တိုင်းတွင် ထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း အခြေအနေများတွင် အကောင်းဆုံး ပူးပေါင်းချိတ်ဆက် လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည် ။
မန္တလေးငလျင်ကြီးဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲဝင်တွေအနေဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ လူမှုရေးအဖွဲအစည်းများနှင့်ပူးပေါင်းပြီး အသက်ရှင်သူ ၆၅၃ ဦးနှင့် သေဆုံးသူ ၈၈၂ ဦးတိုအား ရှာဖွေကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်တွင် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲများနှင့်ပူးပေါင်းပြီး အသက်ရှင်သူ ၈ ဦးနှင့် သေဆုံးသူ ၂၀၃ ဦးတိုကို ခက်ခက်ခဲခဲ ကယ်ဆယ် နိုင်ခဲ့ကြောင်း၊ ထိုကြောင့် မြန်မာနိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှုများအပေါ် နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲများက အသိအမှတ်ပြု လေးစား ရသည့်အထိ နိုင်ငံတကာ အဆင့်မီ စွမ်းဆောင် နိုင်ခဲ့မှုအပေါ် ဂုဏ်ယူမိကြောင်း မန္တလေးငလျင်ကြီးဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲဝင်တွေအနေဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ လူမှုရေးအဖွဲအစည်းများနှင့်ပူးပေါင်းပြီး အသက်ရှင်သူ ၆၅၃ ဦးနှင့် သေဆုံးသူ ၈၈၂ ဦးတိုအား ရှာဖွေကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်တွင် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲများနှင့်ပူးပေါင်းပြီး အသက်ရှင်သူ ၈ ဦးနှင့် သေဆုံးသူ ၂၀၃ ဦးတိုကို ခက်ခက်ခဲခဲ ကယ်ဆယ် နိုင်ခဲ့ကြောင်း၊ ထိုကြောင့် မြန်မာနိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှုများအပေါ် နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲများက အသိအမှတ်ပြု လေးစား ရသည့်အထိ နိုင်ငံတကာ အဆင့်မီ စွမ်းဆောင် နိုင်ခဲ့မှုအပေါ် ဂုဏ်ယူမိကြောင်းဒုတိယသမ္မတ(၁) ဦးညိုစော ကမိန့်ခွန်းပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်အတွက် World Risk Index အစီရင်ခံစာသည် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုသက်ရောက်မှုများအပေါ် အခြေခံ၍ နိုင်ငံပေါင်း ၁၉၃ နိုင်ငံ၏ အန္တရာယ်အခြေအနေကို ဆန်းစစ်ထားပြီး အစီရင်ခံစာတွင် ရေကြီးရေလျှံမှုအန္တရာယ်ကို အဓိကထားလေ့လာထားကာ ဖိလစ်ပိုင်နိုင်ငံသည် ၎င်းတို့၏မြင့်မားသောထိခိုက်လွယ်မှုကြောင့် အန္တရာယ်အများဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ရှိနေပြီး အဆင့် ၂ တွင် အင်ဒိုနီးရှားနိုင်ငံ ၊ အဆင့် ၃ တွင် အိန္ဒိယ နိုင်ငံ ၊ အဆင့် ၄ တွင် ကိုလံဘီယာ နိုင်ငံ၊ အဆင့် ၅တွင် မက္ကစီကို နိုင်ငံနှင့် အဆင့် ၆ တွင် မြန်မာနိုင်ငံ ရှိနေကြောင်း ၂၀၂၅ ခုနှစ်အတွက် World Risk Index အစီရင်ခံစာ အချက်အလက်များ အရသိရသည်။















