ဒုတိယသမ္မတနှစ်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး သီးခြားစီတွေ့ဆုံ၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေး

ဒုတိယသမ္မတနှစ်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး သီးခြားစီတွေ့ဆုံ၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေး
Published 5 May 2026

ဒုတိယသမ္မတနှစ်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး သီးခြားစီတွေ့ဆုံ၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား မေ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍဍများ၌ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်လတ်၊ ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလားတူ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား မေ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆံပြီး မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေး၊ ပညာရေးနှင့် အမျိုးသမီးကဏ္ဍဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဆေးဘက်ဆိုင်ရာနှီးနှောဖလှယ်ပွဲများ၊ ကုသရေးအတွေ့အကြုံများဖလှယ်ခြင်းနှင့် ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim ကို မေ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်နိုင်မည့်အခြေအနေ၊ စီးပွားရေးနှင့်ကုန်သွယ်မှုများမြှင့်တင်နိုင်မှုအခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးမှ ညှွန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent