မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံးမှုဖြစ်ပွား

မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံးမှုဖြစ်ပွား
Published 3 May 2026

မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံးမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မေ ၂ ရက် နံနက် ၆ နာရီ ၂၇ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း၊ ရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဟာလူမှု့ကူညီရေးအသင်းမှ သူနာတင် ယာဉ်ဖြင့် တပ်မတော်ဆေးရုံကြီးကုတင်(၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့ပါကြောင်း သိရသည်။

ယင်းအပြင် ယာဉ်တိုက်ခံရ၍ သေဆုံးသူ အမျိူသားတစ်ဦးကို မင်္ဂလာဒုံလူမှု့ကူညီရေးအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent