နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ အဆင့်ရှိ နောက်ဆက်တွဲငလျင် လှုပ်ခတ်

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ အဆင့်ရှိ နောက်ဆက်တွဲငလျင် လှုပ်ခတ်
Published 25 April 2026

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ အဆင့်ရှိ နောက်ဆက်တွဲငလျင်အဖြစ် ဧပြီ ၂၅ နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဧပြီ ၂၅ ရက် နံနက် ၈ နာရီ ၁၉ မိနစ်တွင် ဇမ္ဗူသီရိမြို့နယ်၏ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာ အနက် ၁၄ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါငလျင်သည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်၏ နောက်ဆက်တွဲငလျင်အဖြစ် ၂၉၅ ကြိမ်မြောက် လှုပ်ခတ်သည့်ငလျင်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent