ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်၊ နံနက်အစော ၁ နာရီ ၂၅ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ အောင်မင်္ဂလာ(၁)ရပ်ရှိ ၄၀ ပေ × ၂၀ ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက်တစ်ထပ် ပစ္စည်းအဟောင်းများထားသောအဆောက်အဦတွင် သစ်သားကြိုးထိုးစက် မိန်းပလပ်ခုံအပူလွန်ကဲရာမှ အနီးရှိ ထရံကာသို့ မီးကူးစက် စတင်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိပါသည်။
မီးလောင်မှုကြောင့် ၄၀ ပေ × ၂၀ ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက်တစ်ထပ် ပစ္စည်းအဟောင်းများထားသော အဆောက်အဦတစ်လုံး၊ သစ်သားကြိုးထိုးစက်တစ်လုံး၊ နိုင်ငံခြားခွေးအမျိုးအစား ၃ ကောင် မီးလောင်သေဆုံးခဲ့ပြီး၊ ပစ္စည်းဟောင်းများလည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ အထောက်အကူပြုယာဉ် ၁ စီး၊ မြို့မအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁ စီး၊ မိုင်ကုန်းအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေ ၁၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးတို့ ငြှိမ်းသတ်ခဲ့ရာ နံနက်အစော ၁ နာရီ ၄၃ မိနစ် အချိန်တွင် မီးထိန်းနိုင်ပြီး နံနက်အစော ၁ နာရီ ၅၀ မိနစ် အချိန် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။
မီးလောင်မှုနှင့် ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ်၊ မြို့မရဲစခန်းမှ အသက် ၅၉ နှစ်အရွယ် အမျိုးသားအား အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
သက်ထွန်းအောင်
ဓာတ်ပုံ-ကိုသန်းဌေး















