PDFပါဝင်သော ဒေသအသီးသီးမှ လက်နက်ကိုင်အဖွဲ့စည်း၅ရခုမှ ၅၁၇ ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်

PDFပါဝင်သော ဒေသအသီးသီးမှ လက်နက်ကိုင်အဖွဲ့စည်း၅ရခုမှ ၅၁၇ ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်
Published 24 April 2026

PDFပါဝင်သော ဒေသအသီးသီးမှ လက်နက်ကိုင်အဖွဲ့စည်း၅ရခုမှ ၅၁၇ ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်လာသည့်အခမ်းအနားကို ဧပြီလ၂၄ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အလင်းဝင်လာသူများကို မိဘထံပြန်လည်အပ်နှံပွဲကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး MDY PDF အပါအဝင် ဒေသအသီးသီးမှ PDF များ TNLA၊ PLA၊ AA၊ ABSDF၊ KIAကဲ့သို့ လက်နက်ကိုင်အဖွဲ့စည်းများမှလည်း ပါဝင်ကြောင်း သိရသည်။

ဒေသအသီးသီးမှ PDFများအပြင် ပကဖကဲ့သို့ ရပ်ကျေးစသည့် အုပ်ချုပ်ရေးဆိုင်ရာများလည်း လက်နက်ချအလင်းဝင်ခဲ့ရာ အသက်ရ၅နှစ်အရွယ်အမျိုးသားများအထိ ပါဝင်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

" ယနေ့အခမ်းအနားမှာ လက်နက်ကိုင်အဖွဲ့စည်းလက်ပတ်ဝတ်ထားတဲ့သူတွေကတော့ ဒေသဆိုင်ရာ PDF စသဖြင့်ပေါ့။ စတစ်အဖြူဝတ်ထားတဲ့သူတွေက ရပ်ကျေးအုပ်ချုပ်မှုပိုင်းဆိုင်ရာကနေ အလင်းဝင်လာသူတွေမို့ အသက်ရ၅နှစ်အရွယ်ထိပါ ပါတယ်။ PDF ထဲမှာအငယ်ဆုံးကတော့ အသက်၁၅နှစ်အရွယ် မိန်းကလေး။ သူကတော့ မြင်းခြံကပါ။ ထွေအုပ်ဝန်ထမ်းကို ဖမ်းခေါ်ခံရပြီး AAထဲ ​​စုဆောင်းခံရသူတွေလည်းပါဝင်ပါတယ်။ အားလုံးပေါင်း ၅၁၇ ဦး အလင်းဝင်လာပါတယ်"ဟု အခမ်းအနားတွင် တာဝန်ရှိသူတစ်ဦးမှ အလင်းဝင်ရောက်လာသူများနှင့်ပတ်သက်ပြီး ရှင်းပြခဲ့သည်။

မိုးကုတ် ၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူး၊ မတ္တရာ၊ ပြင်ဦးလွင်ခရိုင်၊မြင်းခြံ၊ တောင်သာ၊ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ မြောင်၊ညောင်ဦးခရိုင်၊ ပခုက္ကူ၊စစ်ကိုင်းခရိုင်၊ရွှေဘိုခရိုင်၊မကွေးခရိုင်၊ မင်းဘူးခရိုင်၊21Bagan၊ပုဂံဘိုချို၊ ယင်းမာပင်ခရိုင်၊ ဒေါင်းရင်သွေး၊ ရွာငံ၊ ပုဂံဂဠုန်၊ သရက်ခရိုင်၊ ညောင်ဦးရန်ကြီးအောင်၊ချောင်းဦး၊ နောင်ချို၊ကျားသစ်နက်၊ ​ဆားတောင်၊နေပြည်တော် စသည့်နေရာဒေသတို့မှ PDF များအပါအဝင် ထီးချိုင့်၊ မိုးမိတ်၊ ချောက်၊ စလင်း၊ ရေနံချောင်း ဒေသများမှ ပကဖများလည်း လက်နက်ချအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

အခမ်းအနားကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဌေး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်အပါအဝင် အစိုးရအဖွဲ့၊ အဖွဲ့ဝင် ဝန်ကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မတ်လ၁၉ရက်ကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ယခုကဲ့သို့အလင်းဝင်လာသူ ၅၀၆ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

PDFပါဝင်သော ဒေသအသီးသီးမှ လက်နက်ကိုင်အဖွဲ့စည်း၅ရခုမှ ၅၁၇ ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်

Most Read

Most Recent