■ သထုံမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၄/၅)တွင် ခရီးသည်တင်ယာဉ်နှင့် Hiject ယာဉ်တိုက်မှုဖြစ်ပွားကာ ဘုန်းကြီး(၅)ပါးနှင့်ကိုရင်(၁)ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသားသုံးဦးသေဆုံး

■ သထုံမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၄/၅)တွင် ခရီးသည်တင်ယာဉ်နှင့် Hiject ယာဉ်တိုက်မှုဖြစ်ပွားကာ ဘုန်းကြီး(၅)ပါးနှင့်ကိုရင်(၁)ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသားသုံးဦးသေဆုံး
Published 18 April 2026

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၄/၅)တွင် ခရီးသည်တင်ယာဉ်နှင့် Hiject ယာဉ်တိုက်မိမှုဖြစ်ပွားကာ ဘုန်းကြီး(၅)ပါးနှင့်ကိုရင်(၁)ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသားသုံးဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၃၀ ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၄/၅)တွင် ခရီးသည်တင်ယာဉ်နှင့် Hiject ယာဉ်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှု ဖြစ်ပွားရာသို့ သထုံမြို့နယ်မီးသတ်စခန်းနှင့် ကျိုက္ကော်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါယာဉ်တိုက်မှုကြောင့်  Hiject ယာဉ်ပေါ်ပါ စုစုပေါင်း(၁၉)ဦးအနက် ဘုန်းကြီး(၅)ပါးနှင့်  ကိုရင်(၁)ပါး (ပျံလွန်တော်မူ)၊ အမျိုးသား(၃)ဦး(‌သေဆုံး)ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ဘုန်းကြီး(၇)ပါးနှင့် အမျိုးသား(၃)ဦးတို့အား အကြင်နာတွဲလက်လူမှုကူညီရေးအသင်း၊ ပီတိနှလုံးသားလူမှုကူညီရေးအသင်း၊ နှလုံးသားလှလူမှုကူညီရေးအသင်း၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ သင်္ခါရလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် သထုံပြည်သူ့ဆေးရုံနှင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ခရီးသည်တင်ယာဉ်ပေါ် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

 

Most Read

Most Recent