ဆော်ဒီပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(PIF)ဟာ အယ်လ်ဟီလာအသင်းရဲ့ ရှယ်ယာ(၇၀)ရာခိုင်နှုန်းကို Kingdom Holding Company ထံ ရောင်းချခဲ့ကြောင်း သိရပါတယ်။
အဲဒီကုမ္ပဏီက ဆော်ဒီတော်ဝင်မိသားစုထဲက မင်းသား အယ်လ်ဝါလိဒ်ဘင်တာလယ် ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး ရှယ်ယာ(၇၀)ရာခိုင်နှုန်းကို ဒေါ်လာသန်း(၂၆၀)ဝန်းကျင်နဲ့ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
PIF ဟာ ဆော်ဒီထိပ်သီးကလပ်(၄)သင်းဖြစ်တဲ့ အယ်လ်ဟီလာ၊ အယ်လ်အစ်တီဟတ်၊ အယ်လ်နာဆာနဲ့ အယ်လ်အာလီအသင်းတွေကို ပိုင်ဆိုင်ထားသလို၊ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။
PIF က သူတို့ပိုင်ဆိုင်ထားတဲ့ ဆော်ဒီကလပ်တွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ ရောင်းချပေးသွားဖို့ ရည်ရွယ်ထားပြီး အခု အယ်လ်ဟီလာအသင်းကို ရောင်းချခဲ့ခြင်းက ပထမဆုံးခြေလှမ်းဖြစ်ကြောင်း သိရပါတယ်။
ဆော်ဒီမင်းသား ဘင်တာလယ်က ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကို အယ်လ်ဟီလာအသင်း ခေါ်ယူရာမှာ ငွေကြေးစိုက်ထုတ်ပေးခဲ့သူဖြစ်ပြီး ထိပ်တန်းကစားသမားတွေ ထပ်မံအားဖြည့်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။















