ကိုင်စီဒိုကို ၂၀၃၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့ ချယ်လ်ဆီး သဘောတူညီမှုရရှိ

ကိုင်စီဒိုကို ၂၀၃၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့ ချယ်လ်ဆီး သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 17 April 2026

ချယ်လ်ဆီးအသင်းဟာ အီကွေဒေါကွင်းလယ်ကစားသမား ကိုင်စီဒိုကို ၂၀၃၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကိုင်စီဒိုကို ၂၀၂၃ နွေရာသီမှာ ဘရိုက်တန်ကနေ ပြောင်းရွှေ့ကြေးပေါင်(၁၀၀)+ Add-ons ကြေး ပေါင်(၁၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်က ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ကိုင်စီဒိုကို ၂၀၃၁ ခုနှစ်အထိ (၈)နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့အပြင် (၁)နှစ်သက်တမ်းထပ်တိုးနိုင်မယ့်အချက်လည်း ပါဝင်ခဲ့ပါတယ်။

ကိုင်စီဒို(၂၄ နှစ်)က ချယ်လ်ဆီးအသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်(၃၈)ပွဲစလုံး ပါဝင်ကစားခဲ့ပါတယ်။

ကိုင်စီဒိုဟာ ချယ်လ်ဆီးအသင်းမှာ လစာတစ်ပတ်ပေါင်(၁၅၀၀၀၀)သာရရှိနေသူဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုပြီးရင်တော့ တစ်ပတ်ပေါင်(၂၀၀၀၀၀)ရရှိသွားမယ်လို့ သိရပါတယ်။

ကိုင်စီဒိုကို ခေါ်ယူဖို့ ရီးယဲလ်အသင်းက ချိန်ရွယ်နေတာကြောင့် ချယ်လ်ဆီးက လစာနှုန်းထားအသစ်နဲ့ သက်တမ်းတိုးဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent